အခန်း (၁)

1.3K 169 16
                                    

《[၁]》

ဆုပိုင် - ဒီနာမည်ကို တာ့ယွဲ့က ပြည်သူတိုင်း သိကြသည်။

ဆုပိုင်က သိပ်တော် သိပ်ထက်မြက်လှသောကြောင့်တော့ မဟုတ်။ သူမဟာ ဒဏ္ဍာရီတမျှ ခမ်းနားလှသည့် ဆုမိသားစု၏ တစ်ဦးတည်း ကျန်ရှိသော မျိုးဆက် ဖြစ်သောကြောင့်သာ ဖြစ်လေသည်။

လွန်ခဲ့သော ဆယ်နှစ်ခန့်၊ လော့ရန်မြို့ ကျဆုံးစဉ်က နှစ်ရာချီ၍ ဂုဏ်ရှိန်ကြီးမြတ်ခဲ့သော ဆုမျိုးနွယ်တို့ ညတွင်းချင်း ပြိုလဲသွားခဲ့ရသည်။ အမျိုးသားများ အသတ်ခံရ၍ လော့ရန်မြို့တံတိုင်းအလွန်၌ မြုပ်နှံခံခဲ့ရသည်။ အမျိုးသမီးများကတော့ ဆုအိမ်တော်တွင်းမှာပင် မိမိကိုယ်ကို ကြိုးဆွဲချကာ အဆုံးစီရင်သွားကြလေသည်။

သည်သွေးမြေခရသည့် အဖြစ်ဆိုး၌ တစ်ဦးတည်းသော ရှင်ကျန်သူက ပျောက်ချင်းမလှပျောက်သွားခဲ့သော သမီးငယ် ဆုပိုင်။ ဆယ်နှစ်ကျော်တိုင်တိုင် ဆုအိမ်တော်၏ သစ္စာခံများက သည်မိန်းကလေးကို ပိုက်စေ့တိုက် လိုက်ရှာခဲ့ကြသည်။ ယခုအချိန်ထိ လော့ရန်မြို့၏ နံရံများ၌ သူမ၏ ပုံတူပန်းချီများ ရှိနေသေးသည်။ ဤအဖြစ်အပျက်က တစ်မြို့လုံးအနှံ့ အုတ်အော်သောင်းနင်းဖြစ်စေခဲ့သောကြောင့်လည်း ယနေ့ယခု အချိန်အခါ၌ ဆုပိုင်ဆိုလျင် တာ့ယွဲ့မှာ မသိသူ မရှိတော့။

ဆယ်နှစ်အကြာမှာ၊ ကျွန်မရှေ့ ရုတ်တရက် ပေါ်လာခဲ့သည့် ဒီအမျိုးသမီးက အေးဆေး ခံစားချက်မဲ့သော အသံနှင့် ပြောလာခဲ့သည်။ သူမ နာမည်က ဆုပိုင်တဲ့လေ. . .။

မထင်မရှား၊ ရိုးရိုးသာမန် ပြည်သူတစ်ဦးဖြစ်သော ကျွန်မ သူမ နာမည်ကြားရမိသည်နှင့် အံ့ဩရလွန်းသဖြင့် စားနေသော ကန်စွန်းဥပင် နင်သွားခဲ့ရသည်။

သူမက ကျွန်မ မျက်နှာပေါ် ထင်ပေါ်နေသော အံ့အားသင့်မှုကြီးကို ကြည့်၍ သူမ အသံမထွက်ပါဘဲ ရယ်သည်။ နောက်တော့ သူမ ဆက်ပြောသည်။ "အဲ့တုန်းက ငါ နန်ကျောက်ကို ရောက်သွားခဲ့တာမို့ သူတို့ ငါ့ကို ရှာနေမှန်း ငါ မသိလိုက်ဘူး... နောက်တော့... ငါ သိလိုက်တဲ့အချိန်ရောက်တော့... ငါ ပြန်လာလို့ မရတော့ဘူး... သိပ်နောက်ကျသွားခဲ့ပြီ..."

You've reached the end of published parts.

⏰ Last updated: Dec 15, 2019 ⏰

Add this story to your Library to get notified about new parts!

အဆိပ္ကႀကိဳး [အဆိပ်ကကြိုး]Where stories live. Discover now