Home Sweet Home(One short)

2.8K 183 9
                                    

#Unicode

နာရီသံတစ်ချက်ချက်မှအပ တိတ်ဆိတ်လျက်ရှိသော အခန်းအတွင်း လေထုကို Jungkook၏ သက်ပြင်းချသံဖွဖွက ဖြိုခွင်းသည်။

"ဘယ်တုန်းကတည်းကလဲ Jun Jun ဘယ်ကတည်းက ဒါတွေသောက်နေတာလဲ "

လက်ထဲက စီးကရက်ဘူးကို ကုတင်ပေါ်ပစ်တင်လိုက်ရင်း ရှေ့မှာထိုင်နေသည့် သားဖြစ်သူကို စိုက်ကြည့်မိသည်။သူ့မျက်၀န်းတို့သည် နူးညံ့နေမည်တော့မဟုတ်။

" Junဟာမဟုတ်ဘူးPaPa....Junသိလည်းမသိဘူး"

ဒီ စီးကရက်ဘူး သူ့ကျောပိုးအိတ်ထဲ ဘယ်လိုရောက်နေလဲဆိုတာ Yeonjunတကယ်ကိုမသိပါ။သေချာတာတစ်ခုကတော့ သူ့ဟာလုံး၀မဟုတ် သူလုံး၀လည်းမသောက်ခဲ့ပါ။

သောက်ဖို့မဆိုထားနှင့် သူ့အိတ်ထဲရောက်နေမှန်းတောင် PaPa သူ့စာအုပ်တွေစစ်ဖို့ အိတ်ထဲမွှေမှ သိသည့်အဖြစ်။

"Paကိုမလိမ်နဲ့ Yeonjun မင်းမသောက်ဘဲ အိတ်ထဲဘယ်လိုရောက်နေမှာလဲ!"

သူတကယ်မသိပါ။ သူ့နှင့်ပေါင်းနေသည့် သူငယ်ချင်းတွေထဲမှာလည်း ဒီလိုအကျင့်မျိုးတစ်ယောက်မှမရှိတာမို့ ဘယ်လိုနည်းနဲ့မှ သူ့အိတ်ထဲရောက်နေစရာအကြောင်းမရှိ။သူရှင်းပြသော်လည်း PaPaကမယုံ။ကိုယ်မလုပ်ထားသည့်ကိစ္စတစ်ခုကို ဇွတ်ကြီးအပြစ်တင်နေခြင်းကိုခံပြင်းပေမယ့် သက်သေပြစရာအကြောင်းပြချက်ခိုင်ခိုင်လုံလုံလည်းမရှိပြန်တော့ သူမျက်ရည်တို့ဝဲတက်လာသည်။

"Junတကယ်မသိပါဘူးဆိုမှ PaPaရာ! Junသောက်လည်းမသောက်ဘူး ဘယ်လိုရောက်နေလဲလည်းမသိဘူး PaPaယုံအောင်လည်း Junမရှင်းပြတတ်တော့ဘူး "

"Kim Yeonjun!!မင်းကငါ့တောင်ပြန်အော်နေပြီပေါ့လေ"

"Darling ! ဘာဖြစ်ကြတာလဲ "

Namjoonအလုပ်ကပြန်ရောက်ရောက်ချင်း တစ်ယောက်မှမတွေ့တာကြောင့် အပေါ်ထပ်သို့တက်လာခဲ့ရာမှ အခန်းရှေ့အရောက် Darlingရဲ့အော်သံကြားလိုက်တာကြောင့် အခန်းထဲ‌အမြန်၀င်မိတော့သည်။ Darling ကတော်တော်ဒေါသထွက်နေပုံရပြီး သားကလည်း မျက်ရည်တွေနှင့်။သူ့အမေးကို တစ်ယောက်မှအဖက်မလုပ်ကြ။

"သားအဖနှစ်ယောက် ဘာဖြစ်ကြတာလဲ Darling ကိုယ့်ကိုတစ်ခုခုပြောပါဦး ကလေးနဲ့ပြိုင်ပြီးစိတ်ဆိုးမနေပါနဲ့ကွာ"

Home Sweet HomeWhere stories live. Discover now