Part-1

683 46 22
                                    

<Unicode>
တရုတ်ပြည်ရဲ့ သြဇာလွှမ်းမိုးမှုစာရင်းတွင် နံပါတ်၅အဆင့်ရရှိထားသူ..

သြဇာလွှမ်းမိုးသူများ စာရင်းတွင် အသက်အငယ်ဆုံးသောသူ....

တရုတ်ပြည်ရဲ့ အချောဆုံးနှင့်အဆွဲဆောင်မှုအရှိဆုံး နံပါတ်တစ်...

နန်ကျင်းမြို့ရဲ့ ခမ်းနားထည်ဝါမှုဟုပြောရင်လဲမမှား နန်ကျင်းမြို့ရဲ့ ဂုဏ်ကျက်သရေဆောင်ဟုခေါ်ထိုက်ရင်လဲ မလွဲဧကန်မှန်သည့်
နန်ကျင်းမြို့ လန်အိမ်တော်က သခင်လေး .....

လန်ဝမ့်ကျီး........

သူ့ရဲ့ ခမ်းနားထည်ဝါမှု ဂုဏ်သတင်းကျော်ဇောမှု သြဇာအာဏာ ကြီးမားမှုတို့က မိခင်ဆုံးပါးသွား၍ မိခင်မရှိဟူသည့် အားနည်းချက်ကို ဖုံးလွှမ်းသွားစေသည်။

"လန်သခင်လေး ဒီနေ့ ဖိနပ်ကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်လွန်းလှပါလား"

လန်သခင်လေးငယ်ငယ်တည်းက ထိန်းကြောင်းလာသူ အပြုံးအရယ်ကင်းလှသော လန်သခင်လေးရဲ့ စိတ်ခံစားချက်အလုံးစုံကို ဖတ်နိုင်သူ အထိန်းတော်ကျိုးဆိုသူကမေးလိုက်သည်။

"ဒီဖိနပ်ကို မမှတ်မိဘူးလား အထိန်းတော်ကျိုး"

အထိန်းတော်ကျိုး ဖိနပ်ကို သေချာကြည့်လိုက်တော့ မှတ်မိပါပြီ
လန်သခင်လေး အမေ လန်သခင်မကြီး မဆုံးခင်က လန်သခင်လေးအသက်ကြီးလာရင် စီးဖို့ သူကိုယ်တိုင်ချုပ်ပေးခဲ့တဲ့ဖိနပ်ပင်မဟုတ်ပါလား....

လန်သူခင်လေး ဆယ်နှစ်ကတည်းက ချုပ်ပေးခဲ့တဲ့ဖိနပ် အခု လန်သခင်လေး၂၅နှစ် ဒီဖိနပ်လေးစီးရဖို့ လန်သခင်လေး ၁၅နှစ်တိုင်တိုင် စောင့်ခဲ့ရသည်မဟုတ်ပါလား....

"သခင်လေး ကားအဆင်သင့်ဖြစ်ပါပြီ"

"ကျွန်တော် ဒီတိုင်းပဲ လမ်းလျှောက်သွားတော့မယ်"

"ဒီကနေ သခင်မကြီး အုတ်ဂူအထိဆို အရမ်းဝေးလွန်းပါတယ် သခင်လေး မဖြစ်ပါဘူး"

"ကန်တော့ ပစ္စည်းဆိုင်ထိ လမ်းလျှောက်မယ် အထိန်းတော်ကျိုး ဆက်မပြောနဲ့ ဆက်ပြောရင် ကျွန်တော် အပြစ်ပေးရလိမ့်မယ်"

You've reached the end of published parts.

⏰ Last updated: Nov 21, 2023 ⏰

Add this story to your Library to get notified about new parts!

A Flower in My Heart(နှလုံးသားထဲကပန်းတစ်ပွင့်)Where stories live. Discover now