❄~1~❄

14.2K 678 65
                                    

(Zawgyi)

ဂျိုဆွန်းမင်းဆက်မတိုင်မီ ကိုရီးယားနှစ်ဦးပိုင်းကာလ...
ခုနှစ်သက္ကရာဇ်အားဖြင့် ၁၂၄၈ခုနှစ်ခန့်လောက်...

ကိုရီးယားနိုင်ငံမြောက်ဖျားပိုင်းဒေသမှာ ၁၂ရာသီပါတ်လုံး နှင်းတွေနဲ့ဖုံးလွှမ်းနေတဲ့ မြို့တော်တစ်ခုရှိခဲ့တယ်...။ လူသူအရောက်အပေါက်နည်းတဲ့ ဒေသဖြစ်ပေမယ့်လည်း နှင်းတောင်လူသားတို့ စတင်တည်ထောင်ခဲ့တဲ့ မြို့တော်ဖြစ်တဲ့အလျောက် အချိန်ကြာလာတာနဲ့အမျှ လူဦးရေထူထပ်စပြုနေလေပြီ...။

အနောက်နိုင်ငံနဲ့ ထိစပ်ရာဒေသမို့ တော်တော်လေးဖွံ့ဖြိုးတိုးတက်တယ်လို့ ဆိုရမယ်...။ ဒါ့အပြင် အဖိုးတန်သယံဇာတပစ္စည်းများလည်း ထွက်ရှိရာဒေသမို့ မြို့တော်အတွင်းမှာ ဆင်းရဲမွဲတေသူဟူ၍မရှိပါ...။

မြို့တော်ကိုအုပ်ချုပ်တဲ့ဘုရင်သည်လည်း ခေတ်အဆက်ဆက်အလိုက် တရားမျှတသူတွေချည်းမို့ အေးချမ်းသာယာမှုအတိနှင့်သာ...။ သွားလာရေးခက်ခဲတာကြောင့်ပဲလားမသိ တခြားသောတိုင်းပြည်များရဲ့ ကျူးကျော်ထိပါးခြင်းတော့ ကင်းဝေးပြန်တယ်...။ ထို့အတူ အေးချမ်းလွန်းတဲ့ ရာသီဥတုအခြေအနေက နယ်ခံလူတွေသာ ကြံ့ကြံ့ခံနိုင်ပေမယ့် တခြားသောဒေသမှလူတွေအဖို့ ခက်ခဲလွန်းလှတယ်...။

ဒါကြောင့်မို့လို့ပင် ဒေသခံအားလုံးသည် နှင်းလိုဖြူစွတ်သော အသားအရည်အပြင် ဖြူလွှသောဆံနွယ်တို့ကို ပိုင်ဆိုင်ထားကြတယ်...။ ဒါကလည်းအပြင်ဧည့်သည်နဲ့ ဒေသခံလူကို ခွဲခြားသိနိုင်တဲ့ အမှတ်အသားတစ်ခုသာ...။ ရေခဲမြို့တော်ကြီးကတော့ လာရောက်လည်ပတ်သမျှဧည့်သည်တို့ကို ဖော်ရွေစွာကြိုဆိုစမြဲ...။

"နမ်ဂျွန်း"လက်ရှိ ရေခဲမြို့တော်ကို အုပ်ချုပ်နေသော၁၁ဆက်မြောက် ဘုရင်မင်းမြတ် လက်ထပ်သမျှမိဖုရားတိုင်း တစ်ပါတ်အတွင်း သေဆုံးသည်ဟူသော ကျိန်စာဆန်ဆန်သတင်းကြောင့် ခုထက်ထိ မိဖုရားမရှိသေးသူ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"နမ်ဂျွန်း"
လက်ရှိ ရေခဲမြို့တော်ကို အုပ်ချုပ်နေသော
၁၁ဆက်မြောက် ဘုရင်မင်းမြတ်
လက်ထပ်သမျှမိဖုရားတိုင်း တစ်ပါတ်အတွင်း သေဆုံးသည်ဟူသော ကျိန်စာဆန်ဆန်သတင်းကြောင့် ခုထက်ထိ မိဖုရားမရှိသေးသူ

❄Ice Dynasty❄ (Completed) Where stories live. Discover now