Jealous Husky(Zawgyi)

15.2K 180 10
                                    

မနက်ခင်း Chu Wan Ning နဲ့ Mo Ran တို့တောင်အောက်ဆင်းပြီး စားစရာများကိုဝယ်ပြီး ပြန်လာခဲ့ကြသည်။
အပြန်လမ်းတွင် လမ်းဘေး၌ ခွေးသေးသေးလေးတစ်ကောင် လဲနေတာကိုတွေ့သည် ။
Chu Wan Ning တစ်ယောက်ခွေးလေးနားသို့သွားပြီး ပွေ့ချီလိုက်ရင်း "ဒဏ်ရာ ရထားတယ်...။ ခြေထောက်မှာ သွေးတွေနဲ့ ... " လို့ပြောပြီး သူ၏လက်ကိုင်ပဝါဖြင့် ခွေးခြေထောက်လေးကို အုပ်ပေးလိုက်သည်။
အနောက်က အထုပ်အပိုးတွေသယ်ထားသော Mo Ran ကိုလှည့်ကြည့်ရင်း "အိမ်ခေါ်သွားပြီး ဆေးကုပေးရအောင်" လို့လှမ်းပြောလိုက်သည်။
Mo Ran ကလည်း "Shi Zun သဘော..." လို့ပြောပြီး ပြုံးပြလိုက်တယ်။

အိမ်ပြန်ရောက်တော့ Chu Wan Ning ကခွေးလေးရဲ့ ဒဏ်ရာကို ဆေးထည့်သန့်စင်ပေးနေတယ်...။
Mo Ran က နေ့လည်စာအတွက် အိမ်နောက်ဖေးတွင် ခုနကဝယ်လာသော ဟင်းသီးဟင်းရွက် နှင့် အသားများကို ချက်ပြုတ်ဖို့ ပြင်ဆင်နေတယ်။
ငါးကို ချိုချဉ်လေးချက်မည်...၊ ဝက်သားကိုလည်း အတုံးလေးတွေလှီးပြီး အချိုလေးချက်မည်...၊
မှိုဟင်းရည်ထဲကိုလည်း ပြောင်းဖူးချိုချိုလေးထည့်ချက်ပေးမည်...။ Shi Zun အကြိုက် အရသာများကို ချက်ပေးဖို့ သူစဉ်းစားထားတယ်။

ဟင်းချက်ပြီးခါနီး Chu Wan Ning တစ်ယောက် မီးဖိုချောင်တံခါးဝမှာ ရစ်သီရစ်သီနဲ့ လုပ်နေတာ Mo Ran သတိထားမိလိုက်တယ်..။

"Shi Zun...ဗိုက်ဆာနေလို့လား?"

"မဟုတ်ပါဘူး...မင်းဘာတွေ ချက်နေလဲဆိုတာ လာကြည့်တာ.."

"မျိုးစုံပဲ..."

Mo Ran ကတူလေးတစ်စုံနဲ့ ချက်ထားတဲ့မျှစ်နုနုလေးကိုယူပြီး

"Shi Zun ဒါလေးမြည်းကြည့်ကြည့်"

"အင်း...စားကောင်းတယ်"

"ဒီမှာ ခရမ်းချဉ်သီး... ဒါလဲမြည်းကြည့်"

"အင်း..."

"ပြီးတော့ ဒီမှာ ဝက်သား...စားကောင်းလား?"

"အင်း...နည်းနည်း ငန်တယ်"

"?"

ဝက်သားကိုသူအချိုချက်ထားတာ Shi Zun ကငန်တယ်ဆိုတော့....။
Shi Zunမျက်စိက မီးဖိုပေါ်က မှိုဟင်းရည်လေးပေါ်ရောက်နေတော့ ဟင်းရည်မြည်းသောက်ချင်လို့ ငန်တယ်ပြောမှန်း သူရိပ်မိလိုက်သည်။

(MDZS,SVSSS,HOB,2Ha) translation fanfics(Z+U)[COMPLETED]Where stories live. Discover now