776 32 21
Zawgyi
ep20;
"အကိုထမင်းစားလို့ရပြီ"
အိမ်​​ရှေ့ခန်းမှာစာရင်းလုပ်​​နေတဲ့အကိုက
"အင်း Baekခဏဒီတစ်​မျက်​နှာပြီးရင်​လာခဲ့မယ်​​"
"ဟုတ်​အကို"
ထမင်းဝိုင်းကိုဆက်​ပြီးပြင်​ဆင်​​နေလိုက်​တယ်​။၅လအခုဆိုအကိုနဲ့လက်​ထပ်​ပြီးတာ၅လရှိ​နေပြီအများမြင်​မှာလင်​မယာဆို​ပေမဲ့Baekနဲ့အကိုကအခုထိရိုးသားကြတယ်​အကိုကလဲbaekကိုညီမ​လေးတစ်​​ယောက်​လိုပဲ​စောင့်​​ရှောက်​ထားတယ်​။
"အဟမ်​"
"အကိုလာ​လေ​ဒီမှာအကိုကြိုက်​တာ​တွေပဲချက်​​ပေးထားတယ်​"
"Baekလဲစား​လေ"
"ဟုတ်​အကိုစားပြီးရင်​​လေbaekမြို့ထဲကဘုရား​ကျောင်းသွားမလို့အကိုလိုက်​ပို့​ပေးပါလား"
"ရတယ်​​လေbaekဘုရား​ကျောင်းမှာကိစ္စရှိလို့လား"
"ဒီ​နေ့ကOmmaဆုံးတာ၂လပြည့်​ပြီ​လေအကိုရဲ့အဲ့ဒါOmmaအတွက်​​ကောင်းမှုကုသိုလ်​​လေးလုပ်​​ပေးမလို့​လေ"
"ဟာဟုတ်​သားပဲအကိုလုံးဝ​မေ့​နေတာ​ကျေးဇူးပါbaek Ommaအတွက်​သတိရ​ပေးတဲ့အတွက်​"
"အကိုရဲ့Ommaကbaekရဲ့Ommaပါပဲဒါဆိုအကိုစားနှင့်​​နော်​baek ​ရေသွားချိုးလိုက်​အုံးမယ်​"
"Omm"
တခါတ​လေမှာကိုယ့်​မိသားစုအ​ပေါ်​ကောင်းလွန်းတဲ့ဒီမိန်းက​လေးကိုသ​ဘောကျမိ​ပေမဲ့တစ်​သက်​လုံးလက်​တွဲဖို့ဆိုတာကလဲမဖြစ်​သင့်​အချိန်​တန်​လို့ပိုင်​ရှင်​ပြန်​လာထည့်​ရင်​​ပေးရမှာပဲမဟုတ်​လား။အိမ်​​ပေါ်​ရောက်​ခါစကတည်းကသူမအရမ်းစိုးရိမ်​​နေတာမဟုတ်​လား။သူ​မျှော်​လင့်​မထားသလိုဒီမိန်းက​လေးကိုသူပိုင်​ဆိုင်​ရပြန်​ပြီတဲ့လားသို့​သော်​သူသည်​ဒီမိန်းက​လေးအ​ပေါ်မှာသူ၏စိတ်​ဆန္ဒတစ်​စုံတစ်​ရာမကျူလွန်​ခဲ့ထို့​ကြောင့်​လဲအခုချိန်​အိမ်​​ထောင်​သက်​၅လအထိတစ်​​ယောက်​ကိုတစ်​​ယောက်​​မောင်​နှမလိုသာ​နေခဲ့ကြတာပဲမဟုတ်​လား။
.................................
"Yuu Lay ဒယ်​ဒီတို့သွားရ​အောင်​"
"nae"
လှေကား​ပေါ်ကဆင်းလာတဲ့သမီးကို​ပွေ့ချီလိုက်​တယ်​။