ep~~1

49.7K 2.1K 34
                                    

#Unicode
"ကျွန်တော့ နာမည်က Kim Taehyung ပါ
အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင် မင်းသားတစ်ယောက် ဖြစ်ချင်သူပါ..."

ကျွန်တော် လက်ရှိတော့ သရုပ်ဆောင် အရန်မင်းသားဘဝပဲ ရှိသေးတာပေါ့ဗျာ ဒါပေမယ့် ကျွန်တော် ကြိုးစားမယ် အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်တဲ့အထိ အခုတော့ ကျွန်တော် ရည်ရွယ်ထားတဲ့ ပန်းတိုင် အထိ ရောက်အောင် ကြိုးစားနေဆဲပါ....

📲..Ring~~~Ring~~

"Hello !!အေး jimin ပြော"

" ဟျောင့် Kim Taehyung မင်း ဆေးရုံသွားဖို့ မေ့နေတာလား??

"Tae ....မမေ့ပါဘူးကွာ ငါအခု မင်းကို စောင့်နေတာလေ မင်းက ဘယ်မှာလဲ"

"Jimin...အေး အေး ငါက မင်းမေ့နေမှာစိုးလို့ ပြီးတော့ ငါအခုမအားလို့ Driver song နဲ့ကားလွှတ်လိုက်တယ်"

"မင်းဘာသာမင်းလာခဲ့တော့နော် "

"Jimin....ဒါပဲနော် ဟျောင့် ဂရုစိုက်ပြီးသွားအုန်း
ဆေးရုံလည်း ပြဖြစ်အောင်ပြအုန်း ပေတေမနေနဲ့"

" Tae ...အေးပါကွာ ကျေးဇူးပဲ jimin"

"ကျွန်တော် မနေ့တည်းက နည်းနည်း အအေးမိချင်သလို ဖြစ်နေလို့ အခုဆေးရုံပြဖို့ jimin ကို စောင့်နေတာပါ"

Jimin ဆိုတာ ကျွန်တော့်ရဲ့ နှစ်ယောက်မရှိသော သူငယ်ချင်းကောင်းကြီးလေ

ငယ်ငယ်တည်းက ပေါင်းလာခဲ့တော့ တစ်ယောက်အကြောင်း တစ်ယောက်သိတွေ ဆိုပါတော့....

ကျွန်တော့်အပေါ်ကိုလည်း အရမ်းကို ဂရုစိုက်ပြီး ကြင်နာတက်တဲ့ သူငယ်ချင်းကြီးပါ....

အခုလည်း နှစ်ယောက်တူတူ တိုက်ခန်းလေးငှားပြီး နေကြတာပါ...

ဒီနေ့ ဆေးရုံပြပါ့မယ်ဆိုမှ သူအရေးကြီး ကိစ္စတစ်ခုကြောင့် အစောကြီးထွက်သွားတယ်လေ....

အခုလည်း အလုပ်ထဲကနေ သူ့ကားကို လွှတ်ပေးလိုက်တာ ဖြစ်မယ်....

Jimin အကြောင်း စဉ်းစားရင်း ကျွန်တော် အိမ်ထဲကနေ ထွက်လာတော့ အိမ်အောက်မှာ ရပ်ထားတဲ့ BMW ကား အမဲလေး ....

jimin ကားလွှတ်လိုက်တာ မြန်သားပဲ ကျွန်တော်လည်း ရှည်ရှည်ဝေးဝေး မစဉ်းစားနေတော့ပဲ ကားထဲဝင်ထိုင်လိုက်ပြီး...

 Intended Love...♥️(Completed )Where stories live. Discover now