နိဒါန်း

26.9K 1K 32
                                    

"ရင်ကွဲငှက်ငယ်"

လေဟုန်ကိုဆန် အမြင့်ကိုပျံမည့်
အတောင်ပေါက်စ ငှက်ငယ်။

ကံဆရာရဲ့ ဖန်လာတဲ့ကြမ္မာကြောင့်
ငယ်ရွယ်စဉ်မှာ အတောင်ချိုးခံခဲ့ရ။

ဥတုဆိုးဒဏ် အလူးအလဲခံရတုန်း
မြင်တွေ့လိုက်ရတဲ့ အေးချမ်းရာလေး။

အို... လှရက်ပါဘိ ကောင်းကင်ပြာရယ်။

မဟန်ပေမဲ့ သူကြိတ်မှိတ်သည်းခံခဲ့
အကြောင်းအရင်းက တစ်ခုတည်း။

အပြာရောင်လေးထံ ရောက်စေရန်ရည်ရွယ်
သူ့မှာ ငေးကြည့်ရုံနဲ့မဝနိုင်။

အဖန်ဖန်တိုးလာတဲ့ အချစ်မာန်တွေကိုချိုးဖို့
တစ်နေ့ သူဖွင့်ပြောလိုက်တော့တယ်။

ကောင်းကင်ကြီးရေ... ကျွန်တော် ခင်ဗျားကို သိပ်ချစ်တယ်။

သူရဲ့အသံကို ကောင်းကင်က အကြောင်းပြန်တယ်
ငါ့မှာ ချစ်ရတဲ့သူရှိတယ်တဲ့။

ကောင်းကင်ဘေးမှာခြံရံ တိမ်တွေဟာသူ့ရန်
ဒါတွေကိုဖျက်စီးဖို့ သူဟာ ကောင်းကင်ဆီခရီးနှင်ပြီ။

ကံဆရာက သူ့ကို အတော်မုန်းသည်ထင်
ရော့... မုန်တိုင်းတစ်ခု မင်းအတွက် လက်ဆောင်။

အတောင်ညောင်းတဲ့ဒဏ်နဲ့ ပင်လယ်ကို ဖြတ်မည့်ဟန်ပြင်နေတုန်း
မရှုမလှ ပင်လယ်ထဲသို့ ကျခဲ့ရချေပြီ။

အို...ရင်ကွဲရပြီပေါ့ ငှက်ငယ်ရယ်။

*******

ရင်ကွဲငှက်ငယ်Where stories live. Discover now