အပိုင်း ၂

8K 702 8
                                    

မျက်လုံးဖွင့်လိုက်သည်နှင့် ခေါင်းထဲ၌ တဆစ်ဆစ်ကိုက်ခဲနေသည့် ဝေဒနာကို တန်း၍ခံစားရသည်။ လည်ချောင်းထဲတွင်လည်း မသက်သာပေ။ အာခေါင်တစ်ခုလုံး ခြောက်ကပ်နာကျင်နေကာ ရေဆာလွန်းလှသည်။ ပုံစံကြည့်ရသည်မှာ တစ်ယောက်ယောက်က သူ့အား အခန်းထဲသို့ ပြန်ပို့ပေးခဲ့ဟန်။

အပြင်ဘက်တွင် အလင်းရောင်သဲ့သဲ့ ရှိနေသဖြင့် မိုးလင်းတာလား မိုးချုပ်တာလား မသဲကွဲချေ။ အခန်းထဲတွင် တယောသံသာသာက ပျံ့လွင့်လို့နေသည်။ ငယ်ငယ်ရောက်နေသည်ဖြစ်ရမည်ဟု သူ ကောက်ချက်ချမိသည်။

အမှန်ပင်။

ငယ်ငယ်သည် သူ့အား ကျောပေးလျက် ပြတင်းပေါက်ဘက်သို့ မျက်နှာမူကာ တယောတီးလျက်ရှိနေသည်။

ငယ်ငယ်ဟူသည်ကား တခြားသူမဟုတ်။ မန္တလေးမှ ဒယ်ဒီ့ညီမဖြစ်သည်။ အပျိုကြီးဖြစ်၍ မန္တလေးတွင် ဦးကြီးတို့မိသားစုနှင့် အတူနေထိုင်ကာ ရံဖန်ရံခါတွင် အံ့မဟော်တို့ရှိရာ ရန်ကုန်တွင် တစ်လကိုးသီတင်း လာရောက်နေထိုင်တတ်သည်။ အံ့မဟော်သည်လည်း နွေရာသီရောက်တိုင်း ငယ်ငယ်တို့ရှိရာ မန္တလေးတွင် ကျောင်းပိတ်ရက်ကို ကုန်ဆုံးနေကျဖြစ်သည်။

တစ်အိမ်ထဲတွင် အတူရှိနေသော်လည်း အလုပ်မအားသောဒယ်ဒီ၊ ဆေးရုံတွင်သာ အမြဲအချိန်ကုန်နေရသော မာမီတို့ထက် အံ့မဟော်သည် ငယ်ငယ့်လက်ထဲတွင်သာ ကြီးပြင်းခဲ့ရသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ငယ်ငယ်ကလည်း အံ့မဟော်အား အတူနေ တူမထက်ပင် ပို၍ သံယောဇဉ်ကြီးရှာသည်။

ဒယ်ဒီသည် မာမီ့လို ရန်ကုန်ဇာတိမဟုတ်ပေ။ မန္တလေးသားစစ်စစ်ဖြစ်ကာ မာမီနှင့်အကြောင်းပါပြီး ရန်ကုန်၌ လူရောအလုပ်အကိုင်ပါ အခြေချနေထိုင်ခဲ့ခြင်းဖြစ်သည်။

ဒယ်ဒီ့ထံမှ မျက်ခုံးထူထူနှင့် စူးရှသည့်မျက်ဝန်း၊ မာမီ့ထံမှ ဖြူဝင်းသော အသားအရည်တို့ကို အမွေဆက်ခံရရှိထားသည့် အံ့မဟော်သည် ငယ်ရွယ်သည့် ကလေးတစ်ဦးပင် ဖြစ်လင့်ကစား တကယ့်ကို လူချောလေးတစ်ဦးပင်။

"ငယ်ငယ် ဘယ်တုန်းက ရောက်နေတာလဲ"

သူ့အသံကို ကြားလိုက်ရသောအခါ ငယ်ငယ်သည် တယောတီးနေသည်ကို ရပ်လိုက်ပြီး သူ့ဆီသို့် ညင်သာစွာ လှမ်းလာသည်။

ရင်ကွဲငှက်ငယ်Where stories live. Discover now