Rain And Love Quotes

5.6K 551 72
                                    

Rain And Love Quotes

မနက်​ခင်းရဲ့အလင်း​ရောင်​ ​ စတင်​ထွက်​လာချိန်​​ ......

အနက်​​ရောင်​ဆိုးထားတဲ့ ဆံပင်​​တွေ​တောင်
အရင်းမှ အဖြူ​ရောင်​​တွေ ​ပြန်​​ပေါ်​နေပြီပဲ .....
အရပ်​ရှည်​လွန်းခဲ့တဲ့လူဖြစ်​တာ​ကြောင့်​ အသက်​အရွယ်​ကြီးလာ​တော့ ခါး​လေးက​တော့ကိုင်းလို့​ပေါ့ ......

တုန်​ရီ​နေတဲ့လက်​တစုံ .....
ကော်​ဖီခွက်​​လေးတခွက်​ ...
စာအုပ်​​လေး တအုပ်​ ...

စားပွဲခုံဖြူဖြူ​လေး တခု​ပေါ်ကို တင်​လိုက်​သည်​ ။

မဲ​မှောင်​​နေသည့်​ ​ကောင်​ကင်​ကြီးကို ထိုင်​ကာကြည့်​ရင်း ......

"မိုးရွာ​တော့မှာပါလား"

မျက်​မှန်​​အောက်​က မျက်​လုံးတစုံမှ မျက်​ရည်​စ​လေး​တွေ ........
ဟင့်​အင်း .....
သူ ဒီမိုး​တွေကိုမကြိုက်​ဘူး ......
ပါးရည်​တွန့်​​နေတဲ့ ပါးပြင်​​လေး​ပေါ်ကို မျက်​ရည်​​တွေသွန်းချလို့​​နေတယ်​ ........

ကော်​ဖီ​လေး တငုံ​ကို ​သောက်​လိုက်​ပြီး စာအုပ်​​လေးကို ဖွင့်​ကာ .......

ပြန်​မရနိုင်​​တော့တဲ့ ငယ်​ရွယ်​မှု​တွေကို ​တွေးရင်း ......

အတိတ်​​ဟောင်းဆီသို့ .......

ထူးထူးဆန်းဆန်း .......
ကျောင်းဆင်းချိန်​ မိုးရွာလို့​နေတယ်​ ......
ကျောင်း​ပေါက်​ဝမှာ ထီးက​လေးတ​ချောင်းနဲ့ ......
အရပ်​ရှည်​ရှည်​​ကောင်​​လေးတ​ယောက်​ .......

"​​ကော"

ကျောင်းဝန်းထဲမှ ​ပြေးထွက်​လာသည့်​ ​ကောင်​​လေးက လက်​ကို ​ဝှေ့ရမ်းကာ ပြလို့​နေတယ်​ ။ ထီး​အောက်​ကို အ​ပြေးဝင်​လာသည့်​ ဒီ​ကောင်​​လေးက တက္ကသိုလ်​​ကျောင်းသား​လေးပါ ။ ​နောက်​နှစ်​ဆို ဘွဲ့ယူ​တော့မယ့်​ က​လေး​လေးတ​ယောက်​ ။ ငယ်​ရွယ်​တယ်​ ။ တတ်​ကြွတယ်​ ။ နုနယ်​တယ်​ ။

"​​ကော သွားမယ်​​လေ"

ထီး​လေးတ​ချောင်းကို နှစ်​​ယောက်​အတူ အတူ​ဆောင်းကာ မိုး​ရေထဲ ​ပျော်​ရွှင်​ခဲ့ကြတယ်​ ။ ဒီ​ကောင်​​လေးက သူ့ထက်​ချမ်းသာတယ်​ ။ သို့ပင်​မယ့်​ သူနဲ့ဒီလို မရှိအတူ ရှိအတူ ​နေရတာကို ပိုမက်​​မောတယ်​လို့ ​ပြောခဲ့ဖူးတယ်​ ။

Rain And Love Quotes (Complete) (YiZhan or ZhanYi)Where stories live. Discover now