အပိုင်း ၄

5.6K 606 11
                                    

    "ဟိတ်ကောင် နေဦး"

    ကိုးနာရီထိုးခါနီး ဖြစ်နေသဖြင့် အတန်းထဲသို့ ခပ်သုတ်သုတ် လျှောက်လာစဉ် လှေကားထောင့်မှ သူ့အား တားဆီးလိုက်သည့် အသံတစ်သံ။

    သူ့ကို ပြောတာ သိသော်လည်း မချိုးမပြေသော လေသံကြောင့် ခြေလှမ်းတို့ကို အရှိန်အနည်းငယ်မျှတောင် မလျှော့မိ။

    "ဟိတ်ကောင်... မင်းကို ခေါ်နေတာ မကြားဘူးလား"

    ပခုံးကို ဆွဲလိုက်သော လက်တစ်ဖက်ကြောင့် သူ့ခြေလှမ်းတို့ ဟန်ချက်ပျက်သွားသည်။

    "ကြားတယ်... ဘာကိစ္စလဲ"

    "ကြားရဲ့သားနဲ့ မင်းဘာလို့မရပ်တာလဲ"

    ပုံစံကို ကြည့်လိုက်တော့ သူနှင့်ရွယ်တူဖြစ်ဟန်တူလောက်သည့် အရပ်ရှည်ရှည် ငနဲတစ်ကောင်။ အနည်းငယ်ညိုသော အသားအရည်နှင့် မီးပူထိုးထား၍ ကော့နေသော အင်္ကျီအဖြူသန့်သန့်ကို သပ်ရပ်စွာ ဝတ်ဆင်ထားသည်။

    "ငါ့ကိုခေါ်တဲ့ ကိစ္စကို မင်းပြောမှာလား၊ မင်းခေါ်နေတာ ကြားရဲ့သားနဲ့ ဘာလို့မရပ်ရတဲ့ အကြောင်းအရင်းကို ငါက ပြောပြရမှာလား၊ ငါ့မှာ အချိန်မရှိဘူး၊ ပြောစရာရှိရင် မြန်မြန်ပြော"

    "လေသံက ရင့်လှချည်လား... ငါဘယ်သူလဲ မင်းသိလား"

    "ကျစ်..."

    အံ့မဟော်တစ်ယောက် စုတ်တစ်ချက်သပ်ရင်း စိတ်ပျက်စွာဖြင့် မျက်နှာကို တစ်ချက်လွှဲလိုက်သည်။

    "အရေးမပါတာတွေ မေးဖို့ဆိုရင် မင်းလက်ကို ငါ့အပေါ်က ဖယ်လိုက်တော့"

    သူ့စကားကြောင့် သကောင့်သား၏ မျက်ခုံးနှစ်ဘက်မှာ တွန့်ချိုးသွားသည်။ သို့သော်လည်း ထိုကောင်၏ လက်က မိမိပခုံးပေါ်တွင် အချိန်တစ်ခုကြာအထိ ရှိနေဆဲဖြစ်တာကြောင့် ဖယ်ထုတ်လိုက်ကာ ရှေ့သို့ ဆက်သွားရန် ပြင်လိုက်သည်။

    "သုသုနဲ့မင်းက ဘာတွေလဲ"

    သုသု...

    ဘယ်သူ့ကို ပြောတာလဲ။

    ဦးနှောက်ကို အလုပ်ပေးရင် ထိုအမည်နာမ၏ပိုင်ရှင်အား စဥ်းစားမိသည်။

ရင်ကွဲငှက်ငယ်Where stories live. Discover now