အပိုင်း ၈

4.5K 574 16
                                    

    ဒီည လင်းသန့်တို့ သူငယ်ချင်း တစ်စု စာမေးပွဲပြီးတဲ့နေ့ ဖြစ်တာကြောင့် ဘားတွင် လာရောက် အချိန်ဖြုန်းနေကြသည်။

    လင်းသန့်တို့ အဖွဲ့တွင် ယောကျာ်လေး လေးယောက်နှင့် မိန်းကလေး သုံးယောက် စုစုပေါင်း ခုနှစ်ယောက် ပါဝင်ကြသည်။

    ရောက်တက်ရာရာ စကားများကို တစ်ယောက်တစ်ပေါက် ဟေးလားဝါးလား ပြောနေကြကာ လက်ပံပင်သို့ ဆက်ရက်ကျသည့်နှယ် သူတို့ဝိုင်းတွင် ဆူညံပွက်လောရိုက်နေသည်။

    နွေရာသီ ထွက်မည့် ခရီးအတွက် တိုင်ပင်နေကြသည့် နေမျိုးတို့အတွဲနဲ့ ထွဋ်ခေါင်တို့အတွဲက တစ်မျိုး။ မနက်ဖြန် ကြည့်မည့် ရုပ်ရှင်အတွက် မတူညီသည့် ဇာတ်ကားနှစ်ကားအတွက် ငြင်းခုံနေကြသည့် ဟန်သာနဲ့ ပိတောက်ဖူးတို့ နှစ်ယောက်က တစ်ဖုံ။ သူကတော့ ကော့တေးတစ်ခွက် သောက်ရင်း ချောင်မှာ ငြိမ်နေသည်။ ရင်ထဲက အပူတွေ ငြိမ်းလေမလားဟု သူတို့နဲ့ လိုက်လာကာမှ နားအပူပါ ထပ်၍ ဝဋ်ခံနေရရှာသည့် သူ့အဖြစ်။

    "ငြိမ်လှချည်လား ငါ့ကောင်ရ"

    ရောက်ကတည်းက ငြိမ်နေသော သူ့အား ဘေးမှ ထွဋ်ခေါင်က သတိထားမိသွားသည်။

    "ဟုတ်ပါ့... ရောက်ကတည်းက ခွေနေတာ၊ ဘာလဲ ကော့တေးတစ်ခွက်နဲ့ ရေချိန်ကိုက်နေပြီလား"

    ထွဋ်ခေါင်ရဲ့ ကောင်မလေးဖြစ်သည့် ခြူးသစ္စာကပါ ဝင်ပြောသည်။ ထိုအခါမှ အားလုံးက သူ့အား ဝိုင်းကြည့်ကာ ဘာဖြစ်နေတာလဲဟု စူးစမ်းကြတော့သည်။

    "အဲ့ဘဲကြေကွဲနေတယ်... ထားလိုက် သူ့ကို"

    ဟန်သာက သူ့အကြောင်းကို သိတာကြောင့် ရှေ့မှ ဘီယာကို တစ်ငုံသောက်ရင်း သူ့အစား ဝင်ဖြေပေးသည်။

    "ဆန်းကြယ်လှချည်လား သားကြီးရ၊ ဘာအတွက်ကွဲရတာတုန်း"

    နေမျိုးက သူ့အား အထူးအဆန်းသဖွယ် ကြည့်ကာ မေးသည်။

    သူကတော့ ထိုကိစ္စနဲ့ ပတ်သတ်ပြီး ပြောချင်စိတ်မရှိသဖြင့် ဘာမှမပြောဘဲ ငြိမ်မြဲတိုင်း ငြိမ်နေလိုက်သည်။

    "မင်းကောင်မလေးကြောင့်လား"

    သူ ခေါင်းကို လေးတွဲ့စွာ ငြိမ့်ပြလိုက်သည်။

ရင်ကွဲငှက်ငယ်Where stories live. Discover now