အပိုင်း ၁၂

4.1K 501 12
                                    

    "Shittt"

    လက်ထဲက ဖုန်းကို စားပွဲပေါ်သို့ ပစ်ချလိုက်ပြီး အံ့မဟော် ခပ်တိုးတိုးဆဲရေးမိသည်။

    ဘေးကတစ်ယောက်ကို ကြည့်လိုက်တော့ သူနိုင်သွားတာကြောင့် အံ့မဟော်အား ဘယ်လိုလဲဟူသော အကြည့်ဖြင့် မျက်ခုံးပင့်ပြလာသည်။

    လက်နှစ်ချောင်းနဲ့ နှိပ်ဆော့ရတဲ့ mobile legend လို ဂိမ်းမျိုးမှာ ဒီလူ့ကို ရှုံးလိမ့်မယ်လို့ သူထင်မထားပါ။ အံ့မဟော် မကျေမနပ်နှင့် ထိုလူ့လက်ထဲက ဖုန်းကို ဆွဲယူလိုက်ကာ ဂိမ်း profile ထဲသို့ ဝင်ကြည့်လိုက်သည်။

    Fanny ရဲ့ win rate က 74%တဲ့လား။

    "ကျွန်တော့် rank က ခုမှ legend မှာပဲရှိသေးတယ်၊ ခင်ဗျားက mythic မှာ ကြယ်အလုံးနှစ်ဆယ်တောင် ရှိနေပြီ၊ ဒါတောင် ခင်ဗျားရဲ့ favourite hero ဖြစ်တဲ့ fanny နဲ့ ကစားတယ်ဆိုတော့ ခင်ဗျားကိုယ်ခင်ဗျား နည်းနည်းညစ်တယ်လို့ မထင်မိဘူးလား"

    အံ့မဟော် ကိုယ့်ကိုယ်ကိုယ် နိုင်မယ်ထင်ထား၍ ထိုလူက fanny နှင့် တစ်ယောက်ချင်းတိုက်မည်ဟု စိန်ခေါ်တာကို လက်ခံလိုက်မိတာ ခုမှနောင်တရတော့သည်။

    "မင်းဟာမင်း ငါစိန်ခေါ်တာကို လက်ခံခဲ့တာလေ၊ ရှုံးကာမှ ညစ်တယ်တွေ ဘာတွေနဲ့ လာပြီး လေမတိုက်နဲ့"

    "နောက်တစ်ပွဲ ထပ်ဆော့မယ်၊ ဒီတစ်ခါ mage role နဲ့ ကျွန်တော်စိန်ခေါ်တယ်"

    "No"

    အံ့မဟော်အား ခပ်ပြုံးပြုံးကြည့်ပြီး လက်ထဲက သူ့ဖုန်းကိုသူ ဆတ်ခနဲ ပြန်ဆွဲယူလိုက်သည်။

    "မရဘူး ၊ ငါနိုင်ပြီးသွားပြီ၊ အခု လောင်းကြေးအကြောင်း ပြောဖို့ အချိန်ရောက်ပြီ"

    အံ့မဟော် စိတ်ပျက်လက်ပျက်နှင့် ခေါင်းကို နောက်သို့လှန်လိုက်ရင်း လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။

    "ကဲ...ပြော၊ ခင်ဗျား ဘာလိုချင်လဲ"

    ထိုလူ့ဘက်ကို ခေါင်းကို စောင်းငဲ့ကြည့်ရင်း ပြောလိုက်တော့ နေရာမှာ ရှိမနေတော့။

    ကြမ်းပြင်မှာ တင်ပြင်ခွေထိုင်နေကာ စာရွက်တစ်ရွက်ပေါ်မှာ တစ်ခုခုကို ရေးနေသည်။

ရင်ကွဲငှက်ငယ်Where stories live. Discover now