🔥 Part 1 🔥

18.9K 952 28
                                    

[Unicode]

" ဟူး... အလုပ်တွေကလည်း များလိုက်တာ~ "

Baekhyun တစ်ယောက် လက်ထဲက ဖိုင်တွဲတွေအားလုံး စားပွဲပေါ်တင်လိုက်ပြီး မျက်နှာလေး မဲ့ကာ ညည်းညူလိုက်မိတယ်။

တစ်​နေ့တစ်နေ့ မပြီးမစီးနိုင်သည့် အလုပ်များကြောင့် နှုတ်က မည်မျှပင် ညည်းညူမိသော်လည်း လက်အစုံကတော့ Laptop ကို တချပ်ချပ်ခေါက်ရင်း မပြီးဆုံးသေးတဲ့အလုပ်များကို လုပ်နေရပါသည်။

ကုမ္ပဏီအလုပ်ဆိုတာ ထင်သလောက်မလွယ် အထူးသဖြင့် ရာနဲ့ချီတဲ့ လူတွေကို ဦးစီးဦးဆောင်ပြုရတာ ပို၍ မလွယ်ပါ။

ကျွန်တော့ အသက် ၂၄ အထိ တစ်ခါမှ မ date ဖူးတဲ့ အကြောင်းအရင်းကို ပြပါဆိုလျှင် ဒီစာရင်းဇယားတွေကိုပဲ ပြရပါလိမ့်မည်။

Omma မဆုံးခင်ထဲက နောက်အိမ်ထောင်ပြုချင်နေတဲ့ Appa နဲ့ ကိုယ်ဝန်ရှိနေပါတယ်ဆိုပြီး မရမက တွယ်ကပ်နေခဲ့တဲ့ အမျိုးသမီး... တစ်ယောက်ထဲ ရှိတဲ့ ကျွန်တော့ကို ဂရုစိုက်​ပေးဖို့ထပ် Appa နဲ့ Omma တို့ရဲ့ အိမ်ထောင်ပြသနာတွေကြားထဲကပဲ Omma ကို ဆုံးရှုံးခဲ့ရတယ်။

ကျွန်တော့အသက် ၁၅ နှစ်မှာပေါ့..

အမှန်တော့ ကျွန်တော် ဆုံးရှုံးခဲ့ရတာ Omma တစ်ယောက်ထဲ မဟုတ်ပါဘူး။ Omma က သေခွဲခွဲခဲ့သလို Appa ဆိုတဲ့သူကလည်း ရှင်ခွဲခွဲခဲ့တာပါပဲလေ။ ငါ့သားဆိုပြီး အမြဲ ထမ်းပိုးပြီး တစ်ရက်တစ်ခါ မနမ်းရရင် အိပ်မပျော်ပါဘူးဆိုတဲ့ Appa က ဟိုအမျိုးသမီး ဗိုက်ထဲက ဘာမှန်းမသိသေးတဲ့ ကလေးကို ကျွန်တော့ထပ် ပိုချစ်သွားတယ် ထင်ပါရဲ့။ ကျွန်တော့အသက် ၁၆ နှစ် ပြည့်တာနဲ့ သူ့အမျိုးသမီး၊ သူ့ကလေးငယ်နဲ့အတူ အ​​မေရိကကို ထွက်သွားတယ်။

ပြောခဲ့တာကတော့ သားက အရွယ်ရောက်ပြီမို့ ကိုရီးယားက လုပ်ငန်းစုခွဲကို ဦးစီးပါ။ Appa က အမေရိကဘက်က လုပ်ငန်းစုကို ဦးစီးလိုက်ပါ့မယ်လို့ စကားလုံးလှလှလေး သုံးခဲ့တာပါပဲ။

တကယ်က ကျွန်တော့ကို ရပိုင်ခွင့်အနည်းငယ် ခွဲပေးခဲ့ပြီး ပစ်ထားခဲ့တာ၊ သူတို့မိသားစုက အတူတူစုပေါင်းပြီး ပျော်ပျော်ရွင်ရွင်ကြီး နေကြတာပေါ့။ ၁၆ နှစ်ထဲက ထွက်သွားတဲ့ Appa က အခု ကျွန်တော် ၂၄နှစ်အထိ တစ်ခါမှလေးမှ ပြန်လာမကြည့်ခဲ့ပါဘူး။ လုပ်ငန်းအကြောင်းလည်း မမေးမြန်းခဲ့သလို နေကောင်းလားသားလေး ဆိုတဲ့ စကားမျိုးဆို ဘယ်တုန်းက နောက်ဆုံး ကြားခဲ့ရသလဲတောင် မမှတ်မိတော့ဘူး။

Yours [COMPLETED] (Z+U)Where stories live. Discover now