အပိုင်း ၁၇

4.1K 473 14
                                    

    အပြင်မှ ပြန်ရောက်ရောက်ချင်း အခန်းထဲသို့ အမြန်ဝင်ကာ တံခါးကို လော့ချလိုက်သည်။ ကျောမှာပိုးထားသည့် အိတ်ကိုတောင် မချနိုင်ဘဲ ပြတင်းပေါက်တံခါးကို အရင်ဆုံးပြေးပိတ်ပြီး ခန်းစီးစတွေကိုပါ အလျင်အမြန် ချလိုက်သည်။

    အမှောင်အတိဖြစ်သွားသော အခန်းက အခုမှ သူ့အကြိုက်ပုံစံ။ အိပ်ယာဘေးမှ မီးအိမ်ခလုတ်ကို ဖွင့်လိုက်ကာ ခုမှ စိတ်အေးသွားရသလို စားပွဲဘေးတွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်တော့သည်။

    တစ်နေကုန်ပြေးလွှားနေရသဖြင့် သူ့ကိုယ်လုံးတွင် ချွေးများတောင် စိမ့်ထွက်လို့နေချေပြီ။ ဆံပင်များလည်း စုတ်ဖွာနေကာ သူ့ပုံစံက သပ်သပ်ရပ်ရပ်ရှိမနေတော့ချေ။

    မနေ့ကတည်းက ပစ္စည်းပြတ်နေသဖြင့် အသွေးအသားထဲက ဆာလောင်လွန်းလှပြီ။ ဒီရက်ပိုင်း လမ်းကြောင်းတွေ ကျပ်သဖြင့် ပစ္စည်းက အရင်လို ရဖို့မလွယ်ကူတော့။ ဝယ်နေကျပွဲစားကို မနေ့က ရဲတွေ မှော်ဘီမှာ ဝင်ဆွဲသွားသည်ဟု သတင်းကြားရသည်။ ကံဆိုးစွာဖြင့် သူ့မှာ ဝယ်ထားသည့် အပိုပစ္စည်းက ရှိမနေ။ မနေ့ကအထိ နေလို့ထိုင်လို့ အဆင်ပြေသေးပေမဲ့ ဒီနေ့မှာတော့ ဘယ်လိုမှ သည်းခံလို့ မရတော့။

    မနက်ကတည်းက ယင်းထနေသည်မှာ လူတစ်ကိုယ်လုံး မီးစနဲ့ အတို့ခံနေရသလို ပူလောင်လွန်းလှသည်။ တစ်နေကုန် ပစ္စည်းလိုက်ရှာနေသော်လည်း ဝယ်နေကျဖောက်သည် မဟုတ်သဖြင့် ဘယ်ပွဲစားကမှ မရောင်းချင်။ နောက်ဆုံး မရရတဲ့နည်းဖြင့် ထောက်ကြန့်ဘက်မှ ပွဲစားတစ်ယောက်ဆီကနေ order ရှိပြီးသား ပစ္စည်းတစ်ထုပ်ကို ကြားထဲက ဖြတ်ခုတ်ယူခဲ့သည်။

    ကျောပိုးအိတ်ထဲမှ စက္ကူထုပ်တစ်ထုပ်ကို ဆွဲထုတ်လိုက်ကာ နှုတ်ခမ်းဖြင့် ပြွတ်ခနဲ တစ်ချက်အရင်နမ်းပြီး မိတ်ဆက်လိုက်သည်။

    ဘယ်လောက်တောင် လိုအပ်နေခဲ့ရသလဲ....

    အထုပ်ထဲမှ အဖြူရောင်အမှုန့်တစ်ချို့ကို စားပွဲပေါ်တွင် တင်လိုက်ကာ ပေတံကို အသုံးပြု၍ အကန့်သေးသေးတွေအဖြစ် အညီအမျှခွဲဝေပုံလိုက်သည်။ မကြာခင်မှာ သုခံဘုံသို့ ရောက်တော့မှာမို့ သူ့မျက်ဝန်းတို့က အမှောင်ထဲမှာတောင် အရောင်တလက်လက် ထလို့နေသည်။ နှုတ်ခမ်းတို့တွင်လည်း ရွှင်မြူးရိပ်တို့ ထင်ဟပ်နေလေသည်။

ရင်ကွဲငှက်ငယ်Where stories live. Discover now