အပိုင်း၁၈

3.9K 467 18
                                    

မကြာခင် မိုးချုပ်တော့မှာမို့ အံ့မဟော်တစ်ယောက် ရေမိုးချိုးပြီး၍ မှန်ရှေ့တွင် ရေစိုနေသော ဆံပင်ကို တဘက်အဖြူဖြင့် သုတ်နေသည်။ အိပ်ရာခြေရင်းတွင် တင်ထားသော ဖုန်းဆီမှ message ဝင်လာသော အသံကြောင့် ရေသုတ်ရင်း တန်းလန်းနှင့် ဖုန်းကို ယူ၍ ဖွင့်ကြည့်လိုက်သည်။ မနေ့က ပစ္စည်းရှာရင်း ငြိခဲ့တဲ့ ဇယားတစ်ခုမို့ ထိုနံပါတ်ကို ဘလော့ကာ ဖုန်းကို အိပ်ယာပေါ်သို့ ပြန်ပစ်တင်လိုက်သည်။

အရေးမပါတဲ့ အမှိုက်တွေကို ခေါင်းထဲကို ထည့်ဖို့အတွက် သူ နည်းနည်းလေးမှ စိတ်မဝင်စား...

ထိုစဉ် အိမ်ရှေ့မှ အဆက်မပြတ်တီးနေသော ဟွန်းသံကြောင့် မျက်လုံးတို့ကို ပြတင်းပေါက်ဆီမှ ခြံတံခါးဝသို့ ခဏအလည်ပို့လိုက်သည်။

ပုံမှန်ဆို ဒီအချိန် ပြန်နေကျမဟုတ်သော မာမီ့ကားပါ့လား...

ဘာတွေဒီလောက် အရေးကြီးနေလို့ နားမခံသာအောင် ဟွန်းတီးနေရတာလဲ မသိ...

ခြံထဲမှ ဦးဘမောင်၏ လာပါပြီဟူသော အော်သံအဆုံးတွင် အကြည့်တို့ကို ပြန်ရုတ်သိမ်းလိုက်ကာ ပြတင်းပေါက်တံခါးကို ပိတ်လိုက်သည်။

မနေ့ကမှ ဝယ်ထားသော အသစ်စက်စက်ထွက်လာသည့် ဂိမ်းကို စမ်းကစားကြည့်ရန် တဘက်ကို ပုခုံးပေါ်သို့ တင်ပြီး ကွန်ပျူတာရှေ့တွင် ဝင်ထိုင်လိုက်သည်။

လိုအပ်သည်များကို download လုပ်၍ ဂိမ်း setting ကို ချိန်နေတုန်း အခန်းထဲသို့ မာမီသုတ်သုတ်ပြာပြာ ဝင်လာသည်။ ပိုက်ဆံအိတ်ကိုတောင် မချနိုင်သေးဘဲ သူ့အခန်းထဲသို့ အလောတကြီးဝင်လာကာ အခန်းပတ်လည်ကို ဝေ့ဝိုက်ကြည့်နေသော မာမီ့မျက်လုံးတွေက တစ်စုံတစ်ခု ရှာဖွေနေဟန်။

"မာမီ... အခန်းထဲကို ဝင်မယ်ဆို တံခါးခေါက်လို့ ကျွန်တော်..."

သူ့စကားအား ဆုံးအောင် နားမထောင်ဘဲ အဝတ်ဘီရိုဆီသို့ တန်းတန်းမတ်မတ်သွားကာ အထဲက အဝတ်တွေကို အပြင်သို့ ဆွဲထုတ်နေသည့် မာမီ။

"မာမီ ဘာလုပ်တာလဲ"

ကွန်ပျူတာရှေ့မှ ထကာ မာမီ့ဆီသို့ အပြေးထသွားလိုက်သည်။

ရင်ကွဲငှက်ငယ်Where stories live. Discover now