အပိုင်း၁၉

3.5K 507 29
                                    

ဒုန်း ဒုန်း...

မာမီ... တံခါးဖွင့်ပေး မာမီ။

မာမီ...။

အပေါ်ထပ်မှ အခန်းတံခါးကို တဒုန်းဒုန်းထုရိုက်ကာ အကြီးအကျယ်အော်ခေါ်နေသော အံ့မဟော်၏အသံနက်နက်ကြောင့် ဒေါ်ခင်မျိုးမြတ် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ မနက်စောစော သူမကို တံခါးဖွင့်ပေးဖို့ တစ်ခါပြောပေမဲ့ ဒီလောက်အသံကျယ်ကျယ်နှင့် မသောင်းကျန်းဖူးသေး။

"ကျွန်မ အပေါ်သွားလိုက်ဦးမယ် ကိုခန့်၊ မဟော် တစ်ခုခုလုပ်မှာ စိုးရိမ်တယ်"

ဒေါ်ခင်မျိုးမြတ် အပေါ်သို့ အလျင်အမြန်တက်သွားသောအခါ ကျန်တဲ့လူအားလုံးလည်း နောက်မှ လိုက်လာကြသည်။

မာမီ...
တံခါးဖွင့်လို့ ပြောနေတယ်... တံခါးဖွင့်ပေး။

ဒုန်း...ဒုန်း

အား... ဒုန်း။

အံ့မဟော်အခန်းနှင့် နီးလာလေလေ အသံက ပိုကျယ်လာလေလေ။

အပြင်ဘက်မှ သော့ခတ်ကာ ပိတ်ထားသည့် တံခါးကို ဒေါ်ခင်မျိုးမြတ် ဆွဲဖွင့်လိုက်သောအခါ....

မြင်လိုက်ရသည့် မြင်ကွင်းသည် သူမရင်ကို စူးအောင့်သွားစေသည်။

အခန်းတံခါးဘေးတွင် နံရံကို မျက်နှာမူ၍ ပုံရက်သားထိုင်နေကာ လက်ချောင်းတွေကို ကိုက်ဖြတ်နေသည့် မဟော်။ ဆံပင်တွေ စုတ်ဖွာနေကာ မျက်နှာတွင်လည်း မျက်ရည်တွေ နှာရည်တွေဖြင့် ပေလူးနေသည်။ အခန်းပတ်လည်တွင်လည်း ကျိုးပျက်နေသော ပစ္စည်းများ ပွစာကြဲနေကာ ခြေချစရာနေရာတောင် မရှိ။

တစ်ရက်အခန်းပိတ်ထားရုံပဲ ရှိသေးသည်။ မဟော့်မျက်ကွင်းတွေက သိသိသာသာ ညိုကျသွားကာ လက်ချောင်းထိပ်များတွင် သွေးများ ပေကျံလို့နေသည်။

"မဟော်... လက်သည်းတွေကို မကိုက်နဲ့လေ"

ငိုချင်လာသော စိတ်ကို အမြန်ချုပ်တည်းကာ အသိစိတ်မကပ်ဘဲ တုန်တုန်ယင်ယင်ဖြစ်နေသော မဟော့်ကိုယ်ကို သူမဆွဲပွေ့ယူလိုက်သည်။

အို... အင်္ကျီမှာလည်း သွေးတွေ ပေကျံနေပါ့လား မဟော်ရယ်... မာမီ့ရင်တွေ နာလိုက်တာ။

ရင်ကွဲငှက်ငယ်Where stories live. Discover now