LOVE's Birthday (Myan+Eng)

1.8K 50 12
                                    

Pls scroll down for the English translation 🙇‍♀️

• • •
"Hmmm..."

အိပ်ရာပေါ်မှာလှဲနေတာလောက် War ဆိုတဲ့ကျွန်တော် စိတ်ချမ်းသာရတာမရှိတော့ဘူး..
ရောင်စုံအိပ်ရာခင်းလေးနဲ့ ပျော့အိအိမွေ့ယာလေးကို သူအရမ်းသဘောကျတာပဲ...။
မနက်နိုးလို့မျက်လုံးနှစ်လုံးပွင့်ပြီးတာနဲ့ အနည်းဆုံးတစ်နာရီလောက်အချိန်ယူပြီးမှ အိပ်ရာထတတ်သူမို့...အခုလည်း နံနက် ၆ နာရီကတည်းကနိုးနေတာဖြစ်သည်။

June လ​မို့ နံနက်ခင်းတိုင်းမှာ မိုးဖွဲဖွဲရွာလေ့ရှိသည်...ဒီနေ့တော့ သူနိုးတဲ့အချိန် မိုးဖွဲဖွဲမရွာနေပေမယ့် သန်းခေါင်ယံချိန်မှာ ရွာထားတဲ့အရှိန်ကြောင့် လေထုကကြည်လင်အေးစက်နေသည်...။
ဒါဟာ အိပ်စက်ခြင်းအတွက် အကောင်းဆုံးအချိန်ပဲမလား... အပျင်းထူမနေသင့်မှန်းသိပေမယ့် သူဘယ်လိုမှမတတ်နိုင်...။အိပ်ရာထဲမှာပဲ ကွေးကွေးလေးနေရတာကို ပိုသဘောကျသည်... စောင်ကိုမေးစေ့နားရောက်တဲ့ထိ ဆဲဲွခြုံလိုက်ပြီး တမှေးလောက်ထပ်အိပ်ရန် မျက်လုံးများကိုမှေးစက်လိုက်သည်။
မှေးခနဲ အိပ်ပျော်မည်မရှိသေး ရုတ်တရက်ဆိုသလို ကိုယ်ပေါ် လေးလံလာသလိုခံစားလိုက်ရသည်...
စောင်အထူကြီးပေါ်ကနေဖြတ်ပြီးခံစားရတဲ့ နွေးထွေးမှုနဲ့အတူ သူ့ကိုယ်ဘေးနှစ်ဖက်မှာ လာကပ်ထားတဲ့လက်နှစ်ဖက်ကြောင့်... ပိုင်ရှင်ဘယ်သူဆိုတာသိနေပြီမို့ တမင် ​​မျက်လုံးတွေကို ဖွင့်မကြည့်ဖြစ်ခဲ့ပါ။
တစ်ဖက်ကကြည့်ရင်တော့ နိုးနေမှန်းမသိတာမို့ အိပ်ပျော်ချင်ယောင်ဆောင်မှန်းရိပ်မိမှာမဟုတ်...။

War တစ်ယောက် သူ့နှုတ်ခမ်းတွေကို မပြုံးမိအောင်ထိန်းရင်း...
မထင်မှတ်ထားပဲ သူ့နှာခေါင်းပေါ်လာထိကပ်တဲ့ အနမ်းတစ်ပွင့်ကြောင့် အပြုံးတွေကို မရပ်တန့်နိုင်ဖြစ်သွားရသည်။
ထပ်ပြီးတော့ သူ့နှဖူးပြင်မှသည် ဘယ်ဘက်ပါးပြင်လေးဆီသို့ အနမ်းတစ်ပွင့်...။ထိုမှတဆင့် သူ့ရဲ့ ညာဘက်ပါးပေါ်က ပါးချိုင့်လေးကိုပါ နမ်းလိုက်သည်မှာ Yin ရဲ့ နှာခေါင်းလေးက War ရဲ့ပါးမို့မို့လေးထဲနစ်ဝင်သွားတဲ့အထိ...။

"အာ...N' Yin တော်တော့နော်!!"

War တစ်ယောက် သူ့မျက်နှာကိုပါဖုံးတဲ့ထိစောင်ကို ဆွဲကပ်လိုက်မိသည်။ မိုးအေးအေးလေးနဲ့မို့ စောင်ခြုံပြီးကွေးနေတာ အကောင်း...။ အခုတော့ စောင်အောက်မှာ သူ့မျက်နှာက ဘယ်လောက်တောင်နီရဲနေလိုက်မလဲ...တွေးတာတောင်မဆုံးသေး စောင်ကိုအဆွဲခံလိုက်ရပြီး Yin ကကုတင်ပေါ် ဒူးထောက်ထိုင်လျက်အနေအထားဖြင့် War ကိုပါ ပုခုံးနှစ်ဖက်ကကိုင်လျက် ထလိုက်စေသည်။

YinWar Short Story "LOVE's Birthday"Where stories live. Discover now