S

297 30 0
                                    


Zawgyi Version

SOULMATE ဆိုတာ တကယ်ကော ရှိရဲ့လား
အူကြောင်ကြောင်နိုင်တယ်ဘဲ ပြောပြော အဲ့ဒီ ဆိုးလ်မိတ်ဆိုတာကြီးကို စောင့်မျှော်နေမိပါရဲ့ 
~~~~~

'မင်း အဲ့ဒီအကြောင်းတွေ နေ့တိုင်းဖတ်
‌နေ့တိုင်းပြောနေရတာ မမောဘူးလား'

'ဒီမှာ ဟေ့ကောင် မယုံမရှိနဲ့!
တကယ်ရှိတာပါဆို'

'‌အေး ရှိရင်ကော မင်းက ဘာလုပ်မှာလဲ'
မျက်နှာကို ချေမိုးပြီး ပြောလာတဲ့ပုံကိုက
‌‌ထောင့်မကျိုး

'အဲ့ဒီ ဆိုးလ်မိတ်(Soulmate)ဆိုတာက
ငါ့ရဲ့ ဖူးစာဖက် အနာဂတ် လက်တွဲဖော်ဖြစ်လာမှာကွ'

'အလကားအကြောင်းအရာတွေ သွားစမ်းပါကွာ ငါ့ညီတစ်ဝမ်းကွဲ ကြည့်နေကျ ဘိုဘိုပါဝင်သော ကာတွန်းကားတွေကမှ ဖြစ်နိုင်ဦးမယ် ဟားဟားးးးဟားးးးး'

လုပ်ရယ်သံနဲ့ ပွဲကျကာ လှောင်ရယ်နေသော အရှေ့မှာ ထိုင်နေတဲ့ အနှီသူငယ်ချင်းကောင်းကို ရှင်းပြနေလဲ အပိုဖြစ်မည်ထင် :')

'တော်ပြီ ဟေ့ကောင် မင်းကို ရှင်းပြလဲ နွားပလာတာကျွေး ဖြစ်မှာဘဲ .... အားနေရင်လဲ
မင်းညီကြည့်နေတဲ့ ဘိုဘိုနဲ့ အီးတီ ကာတွန်းကားဘဲ သွားကြည့်နေလိုက်'

' ဘိုဘို ကာတွန်းက ငါ့စတိုင်မဟုတ်ဘူး
ငါက အိုင်ယွန်းမန်း ကွ'

တကယ်ပါဘဲနော် အကျင့်လဲမတူ အကြိုက်လဲမတူ စရိုက်လဲမတူ ဘာတစ်ခုမှ မတူတဲ့ ဒီလိုကောင်နဲ့ ဘယ်လို သူငယ်ချင်းလာဖြစ်နေမှန်း မသိဘူး
‌သေချာတာကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်က ကျောင်းအသစ်ကို ပြောင်းလာတဲ့ ယောင်တောင်တောင်နဲ့ ကျောင်းသားသစ်လေး ကျွန်တော့်ကို သူသာ မကူညီပေးခဲ့ရင် သူနဲ့ ကျွန်တော်လဲ သူငယ်ချင်းတွေ ဖြစ်လာမှာ မဟုတ်ဘူး

ကျွန်တော်က ဘူချွန်းသားလေး ဘတ်ဟျွန်း ‌မွေးတည်းက ကြီးပြင်းလာတဲ့ ဇာတိမြို့ လေးကို အလယ်တန်းတက်မည့်နှစ်မှာ စွန့်ခွာလာရတယ် ဆိုးလ်ဆိုတဲ့ မြို့ ပြကြီးကို ဖေဖေ့အလုပ်ကြောင့် မိသားစုလိုက် ပြောင်းရွှေ့ လာခဲ့တယ်

ဆိုးလ်က အလယ်တန်းကျောင်းတစ်ခု မဆိုးပါဘူးလေ မြို့‌ကျောင်းဆိုတော့ နည်းနည်းတော့ ခမ်းနားသယောင်
ဘာပဲဖြစ်ဖြစ် စိတ်သစ် လူသစ် ကျောင်းအသစ်နဲ့ စာသင်နှစ် တစ်နှစ် ကောင်းကောင်းမွန်မွန် ပြီးဆုံးရမယ်
ကိုယ့်ကိုကိုယ် အားပေးကာ ကျောင်းဝန်းထဲ လျှောက်လာရင်း တက်ရမယ့် စာသင်ခန်းကို လိုက်ရှာနေလိုက်တယ်

You've reached the end of published parts.

⏰ Last updated: Jun 16, 2020 ⏰

Add this story to your Library to get notified about new parts!

SOULMATE BestieWhere stories live. Discover now