💦Love is constant💦Part1

43.8K 1.6K 30
                                    

"​ဘေ​ဘေး​လေး​ရေ...."

"ဗျာ​မေ​မေ..."

"ဒီ​နေ့ရန်ကုန်အိမ်ကသခင်ကြီးတို့လာမှာ​သေချာသပ်သပ်ရပ်ရပ်လုပ်ထား​နော်...ပြီး​တော့သူ့မိသားစုလည်းပါတယ်...သားထက်နဲနဲကြီးတဲ့ကိုကိုလည်းပါတယ်သိလား....လိလိမ္မာမ္မာ​ပြော​နော်​ဘေး..."

"ဟုတ်ကဲ့ပါ​မေ​မေရဲ့​ဘေ​ဘေးသိပါတယ်..."

"ဟုတ်ပါပြီ...​မေ့သား​လေးကလိမ္မာမှန်းသိပါတယ်...​မေကကြိုသတိ​ပေးတာပါ..."

"ဟုတ်...အာ့ဆို​ဘေးသွား​တော့မယ်​နော်..."

"​အေး​အေး...."

ပြင်ဦးလွင်မြို့၏ခြံကျယ်ကြီး၁ခုထဲတွင်ခြံ​စောင့်သားအမိ​လေး၂ဦး၏အသံ​လေးများဖြင့်​ဝေဆာလျက်.....

ပြင်ဦးလွင်မြို့၏ည​နေခင်းတွင်အ​အေးဒဏ်​လေးကစတင်လွှမ်းခြုံလာသည်.....​ဆောင်းတွင်း​ပေမို့ပုံမှန်ထက်ပို​သောအ​အေးဒဏ်​လေးကခြံထဲတွင်​ဆော့​နေ​သော​ဘေ​ဘေး​လေးထံစတင်ရိုက်ခက်လာသည်......

"​ဘေ​ဘေး​လေး​ရေ..."

"ဗျာ့..."

"အ​နွေးထည်လာဝတ်ပြီးမှဆက်​ဆော့လာ..."

"ဟုတ်​မေလာပြီ.. ."

​​ဘေ​ဘေးခြံထဲမှာ​ဆော့​နေလက်စကိုခဏရပ်ကာ​မေ​မေ့ထံအ​ပြေးသွား၍အ​နွေးထည်ထူထူ​လေး​ပြေးဝတ်လိုက်သည်....​မေ​​မေကအ​နွေးထည်ပုံကြားမှအသည်းယားစရာ​ဘေ​ဘေး​လေးရဲ့ပါးရဲရဲ​​လေးကိုရွှတ်ခနဲနမ်းလိုက်​တော့​ဘေ​ဘေး​လေးကနှစ်ခြိုက်စွာပြန်လည်ပြုံးပြသည်.....ရယ်လိုက်​တော့ပါးချိုင့်လည်းမဟုတ်....​နှုတ်ခမ်း​အောက်နား​လေးနှစ်ဖက်မှာပါးချိုင့်လိုအခွက်​လေး၂ခုကလှပစွာထွက်လာကြသည်

"​မေ​မေ​ဘေးဆက်​ဆော့​တော့မယ်​နော်...."

"​ဆော့က​လေး​ဆော့...တအားကြီး​တော့မညစ်ပတ်​စေနဲ့​နော်သခင်ကြီးတို့က​ဘေး​လေးကိုလာကြည့်တာ...​ဘေး​လေးလိမ္မာရင်​လေ​သခင်ကြီးတို့က​မေ့​ဘေ​ဘေး​လေးကို​ဆေးကု​ပေးမှာ......"

"တကယ်လား.."

"တကယ်​ပေါ့​ဘေး​လေးရဲ့....."

"အာ့ဆို​ဘေ​ဘေးက​ဆေးကုပြီးရင်မနှစ်ကလိုမဖျား​တော့ဘူး​ပေါ့....ဗိုက်လည်း​အောင့်​တော့ဘူး​ပေါ့​နော်"

💦တည်မြဲ​​သောအချစ်💦《♡Love Is Constant♡》(completed)Where stories live. Discover now