Chapter:1(Z+U)

12.1K 528 14
                                    

Chapter(1)ပြန်လည်မွေးဖွားခြင်း

လင်းယုတုန်သည် စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတဲ့ ဖုန်းringtoneသံကြောင့်နိုးလာတယ်။သူက တစ်ညလုံးစာမူရေးသားနေခဲ့တာဖြစ်ပြီး နေထွက်လာခါနီးမှ အိပ်ပျော်သွားခဲ့တာဖြစ်တယ်။သူက တစ်နာရီလောက်သာ အိပ်ရသေးတာဖြစ်တယ်။တကယ်လို့ သူ့ဖုန်းမြည်သံက အရေးကြီးသူတွေအတွက် သီးသန့်လုပ်ထားတဲ့ raintoneသံမဟုတ်ဘူးဆိုရင် ဖုန်းကိုင်မှာမဟုတ်ဘူး။

"ဟဲလို ဘယ်သူပါလဲ"

"ငါပါ လောင်ရီ မင်းရဲ့စာအုပ်အသစ်က ဘာမှားနေတာလဲ?အခု တစ်စုံတစ်ယောက်က မင်း ကူးချထားတာလို့ စွပ်စွဲနေတယ်"

"ဘာကူးချတာလဲ?" လင်းယုတုန်က ခဏလောက်တိတ်သွားပြီးမှ ရုတ်တရက် တည်ကြည်လေးနက်သွားပြီး ပြောလိုက်တယ် "မင်းပြောတာက ငါက ကူးချထားတာလို့လား?"

"ဟုတ်တယ်။ကူးချထားတာ။ဒါပေမဲ့ ငါပြောတာတော့ မဟုတ်ဘူး။တစ်စုံတစ်ယောက်က အင်တာနက်ပေါ်မှာတင်ထားတယ်။အင်တာနက်ပေါ်မှာ မြန်မြန်လေးစစ်ကြည့်လိုက်။ပြီးရင် ဖြစ်နိုင်သမျှမြန်မြန်လေး ငါ့ကိုပြန်ဆက်သွယ်လိုက်"

ဖုန်းထဲက အယ်ဒီတာရီမင်ချောင်၏အသံက အလွန်စိုးရိမ်နေပြီး အသတ်ခံရမှာ မစောင့်နိုင်တော့သလို ချက်ချင်းဘဲ ဖုန်းချသွားတယ်။

လင်းယုတုန်သည် ကွန်ပျူတာကိုချက်ချင်းဖွင့်လိုက်ပြီး သူ့အကောင့်ကိုအမြန်ကြည့်လိုက်တယ်။အသေအချာကိုဘဲ ကူးချသည်ဟုတင်ထားသောpostတစ်ခု၏အောက်တွင် မယုံနိုင်လောက်အောင် များပြားလှသောcommentsများကိုတွေ့လိုက်ရတယ်။postတင်သူသည် တစ်ခုနှင့်တစ်ခုတူညီလုနီးပါးဖြစ်နေတဲ့ ဆောင်းပါးနှစ်ခုကိုဓာတ်ပုံရိုက်၍ယှဉ်တွဲပြီးတင်ထားတယ်။သူတို့ကို ကြည့်လိုက်မည်ဆိုလျှင် တစ်စုံတစ်ယောက်က တမင်တကာကူးရေးထားသကဲ့သို့ အနည်းငယ်မျှပင်ကွာခြားမှုမရှိဘဲတူညီနေတယ်။

ဒါပေမဲ့ဒါကဘယ်လိုဖြစ်ရတာလဲ?

လင်းယုတုန်က ရီမင်းချောင်ကို တိုက်ရိုက်ဖုန်းခေါ်ပြီးစိတ်တည်ငြိမ်စွာထား၍ရှင်းပြလိုက်တယ်"အကိုရီ ဒါက ဘယ်လိုဖြစ်တာလဲ?ကျွန်တော်မသိဘူး။ကျွန်တော် အတိအကျပြောနိုင်တာက ကျွန်တော်က ကူးချထားတာလုံးဝ မဟုတ်ဘူး။ကျွန်တော် သက်သေပြနိုင်တယ်။ဒါပေမဲ့ ကျွန်တော် တစ်ယောက်ထဲ မဖြေရှင်းနိုင်ဘူး။ဒါကြောင့်ကျွန်တော့်ကို...... "

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now