Chapter:2(Z+U)

4.6K 449 3
                                    

Chapter(2)သူငယ်ချင်း

"ရှောင်လင်း ငါမင်းကိုပြောမယ်။ပြီးခဲ့သည့်သုံးရက်အတွင်းမှာ မင်းက နှစ်ရက်တောင်မှ အိပ်ရာပေါ်ကပြုတ်ကျတယ်။တစ်ရက်ကျရင် မင်းရဲ့ခေါင်းကို ထိခိုက်နိုင်တယ်။ဒီအခန်းထဲမှာ အိပ်စင်နိမ့်လည်းမရှိဘူး။အိပ်ရာကလည်း မြင့်လွန်းတယ်။ဒါကြောင့် မင်းအောက်မှာဘဲ အိပ်သင့်တယ်"

"ဟုတ်တယ်။ငါလည်းတွေ့တယ်။မင်းအိပ်ပျော်နေတဲ့ချိန်မှာလှုပ်နေတာ နွားတစ်ကောင်လိုဘဲ။လက်ရန်းတောင်မှ မင်းကိုမတားနိုင်ဘူး။မင်းလိုအိပ်နေရင်း လှုပ်နေတဲ့သူကို ငါတစ်ခါမှမမြင်ဖူးဘူး။ငါတို့ ဒီအခန်းကိုရောက်တဲ့အချိန်ကစပြီး မင်းဘယ်နှကြိမ်တောင်ပြုတ်ကျပြီးပြီလဲ?"

"ငါ...'"လင်းယုတုန်က သူ့က စစ်ဆေးမေးမြန်းခံနေရတယ်လို့ ခံစားရတယ်။သူက သူ့ရှေ့က ကောလိပ်ကျောင်းသားနှစ်ယောက်ကို ကြည့်လိုက်ပြီး အိပ်ရာပေါ်မှာ ပြန်တက်ထိုင်လိုက်တယ်။

အခု သူက အိမ်မက်မက်နေတာလား?

သူက ကိုးထပ်ကနေပြုတ်ကျသွားတာမဟုတ်ဘူးလား??

သူ့အဖြစ်က စိတ်ကူးယဉ်ဇာတ်လမ်းနှင့်တူနေတယ်။ဒီအခန်းက သူတို့ကျောင်းစရောက်သည့်နေ့က သူတို့အတူ ပြောင်းရွှေ့ပြီး နေခဲ့တဲ့ အခန်းအသစ်ဖြစ်တယ်။သူတို့အုပ်စုက အရင်နှစ်က တစ်ခန်းထဲမှာ လူရှစ်ယောက်စုနေခဲ့တဲ့ အခန်းမှာနေခဲ့တာဖြစ်တယ်။ဒီအခန်းက သူတု့ဂျူနီယာတန်းပြီးသွားတဲ့အချိန်မှ ဆာက်လုပ်ပြီးစီးသည့်အခန်းဖြစ်ပြီး သူတို့သူငယ်ချင်းတွေက အတူတူ ရွှေ့ပြောင်းနေထိုင်ခဲ့တာဖြစ်တယ်။မနှစ်တုန်းက သူကအိပ်စင်နိမ့်မှာ အိပ်ခဲ့တာဖြစ်ပြီး ဒီအခန်းသစ်မှာတော့ စာကြည့်စားပွဲ အဝတ်ဘီရိုတို့ရှိပြီး အိပ်စင်နိမ့်မရှိဘူး။ဒါကြောင့် သူကလည်း အကာအရံမရှိတဲ့ အိပ်ရာတစ်ခုမှာသာအိပ်နိုင်တယ်။

အသေအချာကိုဘဲ ဒီတစ်ကြိမ်ပြုတ်ကျတာက ပထမဆုံးမဟုတ်ဘူး။ဒီလိုဆိုရင် သူက အခု ဘယ်အချိန်ကို ပြန်ရောက်နေတာလဲ?

လင်းယုတုန်က ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး ရှင်းချန်ထင်နှင့် လောင်လီကို တိတ်ဆိတ်စွာကြည့်လိုက်တယ်။သူတို့နှစ်ယောက်က သူ့ရဲ့ကောလိပ်က အတန်းဖော်တွေ ဖြစ်တယ်။သူတို့ကအတူတကွ သုံးနှစ်လောက် အိပ်ခန်းတစ်ခုထဲတွင် အတူနေထိုင်ခဲ့တာကြောင့် သူတို့ကို သူက ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now