Chapter:6(Z+U)

2.2K 435 1
                                    

Chapter(6)မှတ်ပုံတင်ခြင်း

လင်းယုတုန်၏အိပ်ခန်းထဲကို အလည်ရောက်ဖူးတဲ့သူတိုင်းက အခန်းထဲမှာကုတင်မရှိဘဲ သူက ခုတင်နှင့်မအိပ်ဘူးဆိုတာ သိနိုင်တယ်။ဘာကြောင့်လဲဆိုတော့ သူက အိပ်ပျော်သွားတဲ့အခါ သူက လိမ့်ရတာကို နှစ်သက်ပြီးတော့ အလွယ်တကူနှင့် ခုတင်ပေါ်က ပြုတ်ကျတတ်တာကြောင့်ဖြစ်တယ်။သူက ကောလိပ်တက်တဲ့ ပထမနှစ်နှစ်မှာ နံရံကပ်ခုတင်အောက်ထပ်မှာ အိပ်တာဖြစ်ပြီးတော့ ခုတင်ရဲ့အောက်မှာ အိပ်ရာခင်းအထူကို ခင်းထားတာဖြစ်ပြီး သူက ပြုတ်ကျမှာကို ကြောက်စရာမလိုဘူး။နောက်ပိုင်းတတိယနှစ်ကိုရောက်တဲ့အချိန်မှ လူလေးယောက်မျှနေတဲ့ အဆောင်ခန်းကို ပြောင်းလာတာဖြစ်ပြီး ဒီမှာနံရရံကပ်ခုတင်အောက်ထပ်မရှိဘဲ နံရံကပ်အိပ်ရာမြင့်ဘဲရှိပြီး သူက ကြမ်းပြင်ပေါ်မှာ ကော်ဇော်အထူခင်းပြီး အိပ်တာဖြစ်တယ်။

တကယ်ကိုဘဲ လင်းယုတုန်က ၃၀စင်တီမီတာရှိသည့်လက်ရန်းကတောင် သူ့ကိုမတားနိုင်ဘဲပြုတ်ကျနိုင်တယ်။အရင်ဘဝတုန်းက သူက တတိယနှစ်တက်နေတဲ့အချိန်တိုလေးအတွင်းမှာဘဲ သူက ရှန်ကျူနောက်ကိုလိုက်သွားပြီး နောက်ပိုင်းမှသာ သူက ပြုတ်ကျတဲ့ ပြသနာက ကင်းဝေသွားတာဖြစ်တယ်။ဒါပေမဲ့ သူက အခု ဒီအကြောင်းကို စဉ်းစားဖို့လိုနေပြီ။ဘာကြောင့်လဲဆိုတော့ သူက ဒီဘဝမှာ ရှန်ကျူထံကို သွားမှာမဟုတ်ဘူး။ပြီးတော့ ကောလိပ်ကနေ ထွက်ခွာဖို့ တစ်နှစ်ကျော်လောက် လိုနေသေးတယ်။

သူ့မှာ အခွင့်အရေးနှစ်ခုရှိတယ်။ဒါက သူက အဆောင်ကကြမ်းပြင်မှာ အိပ်ရာလုပ်မလား?သို့မဟုတ် သူက တက္ကသိုလ်နယ်မြေအတွင်းမှာမနေဘဲ အိမ်ပြန်နေမလားဆိုတာဖြစ်တယ်။သူတို့ကျောင်းမှာ စည်းမျဉ်း သတ်မှတ်ရှိတာက ပထမနှစ်နှင့်ဒုတိယနှစ်ကျောင်းသားတွေက တက္ကသိုလ်နေမြေအတွင်းမှာဘဲ နေရလိမ့်မှာဖြစ်ပေမဲ့ သူက တတိယနှစ်ကို ရောက်နေကတည်းက ကျောင်းက ကျောင်းသားတွေကို ရွေးချယ်ခွင့်ပြုပြီဖြစ်ပြီး အဆင်ပြေတဲ့နေရာကို ငွေပေးချေပြီးလည်း နေနိုင်တယ်။

အခု သူ့အတွက် အကြီးဆုံးပြသနာက သူ့ရဲ့အိမ်က ကျောင်းနှင့် အရမ်းဝေးနေတာဖြစ်တယ်။

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now