Chapter:7(Z+U)

2K 439 5
                                    

Chapter(7)အတူနေထိုင်ခြင်း

ရှန်ကျူက ရုပ်ရှင်ရိုက်တာ ပြီးဆုံးသွားတဲ့အချိန်ဖြစ်ပြီး ဒီအချိန်မှာ ဒီက ရထားစီးပြီး အိမ်ပြန်လာတာဖြစ်နိုင်တယ်။လင်းယုတုန်က ဖုန်းထဲကနေတစ်ဆင့် ဘူတာရုံကြေငြာနေတဲ့အသံကို ကြားရပြီးနောက်တော့ ရှန်ကျူက ပင်ပန်းနေတဲ့လေသံနှင့်"လင်းဇီ ငါမြောက်ဘက်ဘူတာရုံကို ရောက်ခါနီးပြီ။မင်း ငါ့ကိုလာကြိုပါလား?"

လင်းယုတုန်၏နှုတ်ခမ်းတွေက အေးစက်စွာ တွန့်ကွေးသွားပြီး"မင်းကိုလာခေါ်ရမယ်?စိတ်မကောင်းဘူး။ငါ့မှာအချိန်မရှိဘူး"

ရှန်ကျူက အနည်းငယ်အံ့သြသွားပြီး သူက မကြာခင်မှာ ဘူတာရုံရောက်မှာဖြစ်ပြီး သူက ဘူတာရုံမှာ စောင့်နေမယ့်အကြောင်းပြောလိုက်တယ်။ဒါပေမဲ့ သူက ဘာမှဆက်မပြောရသေးခင်မှာဘဲ ရုတ်တရက် သူ့နောက်ကနေ မိန်းကလေးတစ်ယောက်၏အသံကို ကြားလိုက်ရတယ်"ရှန်ကျူ နင်က ငါ့ကိုတောင်ဘက်ဘူတာရုံမှာ ဆင်းဖို့ပြောပြီး မင်းကမြောက်ဘက်ဘူတာရုံမှာ တစ်ခုခုလုပ်ဖို့လိုသေးတယ်ဆို။ဒါက လင်းယုတုန်ကို လာခေါ်ခိုင်းဖို့လား?"

ရှန်ကျူက လျှင်မြန်စွာ ဖုန်းကို ကာလိုက်ပြီး တစ်ဖက်က မိန်းကလေးကို ပြောလိုက်တယ်"ရှောင်းဝေ မင်း...မင်းဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ?"

ရှောင်းဝေက လှောင်လိုက်ပြီးပြောလိုက်တယ်"ငါဒီကိုရောက်နေတယ်။ဒီကို ငါရောက်နေတာက နင်က ဒီလောက်အထုပ်အပိုးတွေအများကြီးကို သယ်နေရမှာ စိုးရိမ်တာကြောင့်ဘဲ။ဒါ့ကြောင့် ငါပြန်လာခဲ့တာဘဲ။ဒီတော့ နင် ရုပ်ရှင်ရိုက်နေတဲ့အချိန်အတောအတွင်းမှာ နင်ငါ့ကိုပြောခဲ့တာတွေက လိမ်တာလား?နင်က ငါ့မိသားစုရဲ့အင်အားကို အသုံးချချင်လို့ ဒီရက်တွေမှာ ငါ့ကိုကြိုက်တဲ့ပုံစံလုပ်တာလား?"

ရှန်ကျူက စိုးရိမ်နေပုံ ပြန်ပြောလိုက်တယ်"မင်းအထင်မှားနေပြီ"

သူက သတိမဲ့စွာ အသံကျယ်လာပြီး သူက ဖုန်းချဖို့မေ့နေတာကြောင့် အခြားတစ်ဖက်ကို စကားသံတွေက ရောက်ရှိသွားတာကို သတိမထာမိဘဲ ရှန်ကျူက ပြောလိုက်တယ်"ငါ လင်းဇီကို တစ်စုံတစ်ခု ပြောဖို့လိုလို့ပါ"

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now