Chapter:8(Z+U)

2.2K 432 5
                                    

Chapter(8)ပြောင်းပြန်

ကျန်းရီဖေးကလည်း လင်းယုတုန်ကို အရင်တုန်းက"လင်းရှောက်"လို့ခေါ်ရာမှ အခုချိန်မှာ"ရှောင်တုန်"လို့ရင်းနှီးတဲ့အခေါ်အဝေါ်ကို ပြောင်းခဲ့တယ်။အနည်းဆုံးတော့ အပြင်လူတွေက ဒီလိုခေါ်ဝေါ်တာကြားရင် သူတို့က စုံတွဲလို့ မထင်ရင်တောင် ဆွေမျိုးနီးစပ်ဆိုတာ သိလိမ့်မယ်။

လင်းယုတုန်က အစကတော့ ကိုးရိုးကားယားနိုင်တယ်လို့ခံစားရတယ်။ဘာကြောင့်လဲဆိုတော့သူ့မိဘတွေကသူ့ကို"တုန်တုန်"လို့ခေါ်ပြီး သူငယ်ချင်းတွေနှင့်အတန်းဖော်တွေက"လင်းဇီ"လို့ခေါ်ကြတာဖြစ်ပြီး သူ့ကို"ရှောင်တုန်"ဟုပထမဆုံးခေါ်ခံရတာဖြစ်တယ်။ဒါပေမဲ့ သူ့မိသားသုအရှေ့မှာ showတစ်ခုပြဖို့ရာ သူက လိုအပ်နေပြီးတော့ ကျန်းရီဖေးက သူ့ကို ရင်းနှီးစွာမခေါ်ဘူးဆိုရင် သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယာက် မရင်းနှီးသလိုဖြစ်နေလိမ့်မယ်။ဒါ့ကြောင့် သူ့ကိုရင်းနှီးစွာခေါ်မှသာလျှင်အဆင်ပြေတယ်။လင်းယုတုန်က သူ့စိတ်ထဲမှာ မျက်မှောင်ကြုတ်လိုက်ပေမဲ့ အရမ်းတော့ ဆိုးဝါးတာတော့မဟုတ်ဘူး။ဘာဘဲဖြစ်ဖြစ် သူသိနေတာက"ဒိုင်းကာ"တစ်ခုက ပန်းခြံထဲမှာ လမ်းလျှောက်နေသလိုတော့ မဖြစ်နိုင်ဘူးလေ။

ကျန်းရီဖေးက သူ့မိသားစုကို တရားဝင်လက်ထပ်ပြီးကြောင်းမပြောရသေးတာက သူက သင့်လျော်တဲ့အချိန်တစ်ခုကို ရှာနေတာဖြစ်လိမ့်မယ်။

လင်းယုတုန်က သူတို့ဝယ်ယူလာတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို သေသပ်အောင်လုပ်လိုက်ပြီးနောက် သူက ဆန်ဆေးပြီး ထမင်းအိုးထဲမှာထည့်လိုက်ပြီးတော့ သူက ကျန်းရီဖေးက သူ့အိပ်ခန်းထဲကို ပြန်သွားတာကိုမြင်လိုက်ပြီး သူက နောက်ကလိုက်သွားပြီး သူ့ရဲ့ကိုယ်ပိုင်အိပ်ခန်းထဲကို သွားလိုက်ပြီး သူတို့ရွှေ့လာတဲ့အထဲက သူ့ရဲ့ပစ္စည်းတွေကို နေရာချလိုက်တယ်။

ဒီအထပ်၏တိုက်ခန်းတွေရဲ့အစီအစဉ်က အိပ်ခန်းလေးခန်းပါဝင်ပြီး ဧည့်ခန်းတစ်ခန်း ထမင်းစားခန်းတစ်ခန်းနှင့်ရေချိုးခန်းနှစ်ခန်းဖွဲ့စည်းထားတာ ဖြစ်ပြီး သူ့ကိုယ်ပိုင်အိပ်ခန်းတစ်ခန်းနှင့် ကျန်းရီဖေးမှာလည်းအိပ်ခန်းတစ်ခန်းရှိပြီး ထို့နောက် စာကြည့်ခန်းတစ်ခန်းနှင် စတိုခန်းတစ်ခန်းရှိတယ်။ဒီတိုက်ခန်းက အတော်ကိုကြီးမားပြီး အတွင်းပိုင်းအပြင်အဆင်က လက်တွေ့အသုံးပြုတဲ့အချိန်မှာ လေဝင်လထွက် ကောင်းမွန်ပြီး ဒါကသူတို့ငှားရမ်းထားတဲ့နေရာသာဖြစ်တယ်။ဒါပေမဲ့ သူ့ကိုစိတ်မကျေနပ်စေတဲ့ တစ်စုံတစ်ခုတော့ရှိနေပြီး ဒါက သူ့အိပ်ခန်းထဲက နှစ်ယောက်အိပ်ကုတင်က နှစ်ယောက်အိတ်ကုတင်ဖြစ်ပြီး ဆိုဒ်လွန်ကုတင်ဖြစ်တာကြောင့် နေရာအများကြီးယူထားပြီး သူ့အခန်းထဲမှာ ကညတင်တစ်ဖက်တစ်ချက်စီကို နေရာလွတ်အနည်းငယ်သာရှိပေမဲ့ ဒါက သူ့အိပ်ရာလိပ်လိုတော့ လုံလောက်တဲ့နေရာတစ်ခုမဟုတ်ဘူး။

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now