Chapter:9(Z+U)

2.1K 420 7
                                    

Chapter(9)သရုပ်ဆောင်ခြင်း

သူက စိတ်လိုက်မာန်ပါနဲ့ ဒီလိုမျိုးတိုက်ရိုက်ဝန်ခံလိမ့်မယ်လို့ ကျန်းရီဖေးက မထင်ထားခဲ့ဘူး။သူက နှစ်ပေါင်းများစွာ ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားခဲ့တာဖြစ်ပြီး သူပညာတော်သင်မသွားခင်အချိန်ထဲက လင်းယုတုန်ကို နှစ်သက်ခဲ့တာဖြစ်တယ်။ဒါပေမဲ့ သူက ကျန်းမိသားစုထဲက သူ့ရဲ့အခြေအနေနှင့် လင်းယုတုန်နှင့်ရှန်ကျူတို့ရဲ့ဆက်ဆံရေးကြောင့် သူက အရဲစွန့်ခဲ့တာဖြစ်တယ်။

ဘယ်ပြသနာကိုမဆို ကြောက်ရွံ့ခြင်းမရှိဘဲ မျက်နှာချင်းဆိုင်နိုင်ပေမဲ့ ကျန်းရီဖေးက လင်းယုတုန်နှင့်ဆိုရင် သူက ဆက်လက်ပြီးကြိုစားဖို့လိုသေးတယ်လို့ ခံစားရတယ်။

ကျန်းရီဖေးက လင်းယုတုန်က သူ့ကို သူငယ်ချင်းအဖြစ်သာ အကောင်းဆုံးဆက်ဆံနိုင်တယ်ဆိုတာ သိတယ်။ဒါပေမဲ့ သူတို့သာအချိန်အကြာကြီး အတူရှိနေရင် ဘာမဆိုဖြစ်လာနိုင်တာကြာင့် သူမျှော်လင့်လို့ရသေးတယ်။

လင်းယုတုန်က ကျန်းရီဖေး တွေးထားတဲ့ ဘာမဆိုဖြစ်လာနိုင်တယ်ဆိုတဲ့အတိုင်း တစ်ခုခုတော့ဖြစ်လာပေမဲ့ ဒါက စိတ်ခံစားချက်တွေတိုးလာတော့ မဟုတ်ဘူး-ဒါက သူ့ရှေ့က ညစ်ပတ်နေတဲ့အဝတ်အစားတစ်ပုံပင်ဖြစ်တယ်။

ကျန်းရီဖေးဝတ်ပြီးတဲ့အဝတ်အစားတွေကို သူတို့အတူမနေခင်တုန်းက အိမ်အကူက လျှော်ပေးဖြစ်တယ်။ဒါ့ကြောင့် သူက ချွတ်ပြီး အဝတ်ခြင်းထဲထည့်ထားရန်သာဖြစ်တယ်။ဒါပေမဲ့ အခု သူတို့က အိမ်အကူမခေါ်ထားတော့တာကြောင့်.....

လင်းယုတုန်က မျက်မှောင်ကြုတ်ပြီး ကျန်းရီဖေး၏အတွင်းခံတစ်ပုံကို ကြည့်လိုက်တယ်!အတွင်းခံတွေဘဲ!!!

သူက ဒါတွေကို လျှော်ရမှာလား?သို့မဟုတ် သူတို့အတွက် သန့်ရှင်းရေးသမားကို ခေါ်ရမှာလား?

အပြင်အဝတ်အစားတွေက အဆင်ပြေပေမဲ့ သန့်ရှင်းရေးသမားကို အတွင်းခံလျှော်ဖို့ဘဲ ခေါ်မယ်ဆိုရင် ထူးဆန်းတယ်လို့ခံစားရတယ်။

ဒါပေမဲ့ ဒီအပုံလိုက်က....

လင်းယုတုန်က ရူးချင်လာသလိုခံစားရတယ်။နောက်ဆုံးမှာတော့ သူက မျက်စိမှိတ်ပြီး အတွင်းခံအားလုံးကို အဝတ်လျှော်စက်ထဲထည့်လိုက်ပြီး အပူချိန်မြင့်လိုက်တယ်။သူက ကျောင်းမှာဆိုရင် ပျင်းတဲ့သူတွေက သူတို့အဝတ်အစားတွေကို အတူတကွ အဝတ်လျော်စက်ထဲထည့်လိုက်တာဘဲ။ဒါ့ကြောင့် သူကဟန်များတာကို ရပ်သင့်တယ်။

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now