Chapter:10(Z+U)

2.1K 397 7
                                    

Chapter(10)ကိုယ်ရံတော်

စကားပြောသည့်အခါမှာ ပထမအကြိမ်စကားပြောစလိုက်တာနဲ့ သေချာတာက ဒုတိယအကြိမ်ပြောဖို့မခက်တော့ဘူးဆိုတာဘဲ။ဒုတိယအကြိမ်ပြောလိုက်ရင်လည်း နောက်ဆို မကြာခဏပြောဖို့ ပိုပြီးလွယ်ကူလာတယ်။ဒီကျေးဇူးကြောင့် လင်းယုတုန်က ကျန်းရီဖေး၏အဝတ်စားတွေကို လျှော်ပေးရာမှာ နေသားတကျဖြစ်လာတယ်။ဘာကြောင့်လဲဆိုတော့သူက သူတို့နှစ်ယောက်အတူနေတာကို အဆောင်မှာအခန်းမျှသုံးတဲ့သူငယ်ချင်းလို သဘောထားလိုက်တာကြောင့်ဖြစ်ပြီး အဆောင်မှာဆို သူငယ်ချင်းတွေက အုပ်စုတစ်စုချင်းစီလိုက် အဝတ်လျှော်ရပြီး တစ်ခါကိုနှစ်ယောက် ပေါင်းလျှော်ရတဲ့အချိန်မျိုးရှိတာကြောင့်ဖြစ်တယ်။

အခုချိန်မှာ သူအတွက်ခြားနားသွားတာက သူက ချက်ပြုတ်ပေးတာဖြစ်တယ်။ဒါပေမဲ့ ကျန်းရီဖေးက ဝင်ငွေရှာကတည်းက အလုပ်ပိုလုပ်ရတာကြောင့်  သူက အိမ်အလုပ်ကို ပိုလုပ်ရတာက ကိစ္စကြီးတော့ မဟုတ်ဘူး။ဘာဘဲဖြစ်ဖြစ်သူကလည်း ကိုယ်လက်လှုပ်ရှားဖို့အတွက် လုပ်ရမှာဘဲလေ။

ဒီလိုနှင့် မျက်တောင်တစ်ခတ်အတွင်းမှာဘဲ သူတို့အတူတကွနေလာတာ ဆယ်ရက်ကြာသွားပြီဖြစ်တယ်။ဒီနေ့မှာတော့ လင်းယုတုန်က စာပို့သမားထံမှ အထုပ်ရယူဖို့ အောက်ထပ်ကို ဆင်းလာခဲ့တယ်-သူက ဂျင်းဖန်စာပေကွန်ရက်နှင့် အောင်မြင်စွာ စာချုပ်ချုပ်ဆိုထားပြီးဖြစ်ပြီး ကျင်းဖန်စာပေမှအယ်ဒီတာမှ သူ့ကိုစာတိုက်မှတစ်ဆင့် စာချုပ်ကို ပို့ပေးလိုက်တာဖြစ်တယ်။

လင်းယုတုန်က စာချုပ်ကို ယူလိုက်ပြီး နောက်တော့ အနီးအနားက ဈေးဝယ်စင်တာမှာ သကြားဝယ်ဖို့ ထွက်လာခဲ့တယ်။ဒါပေမဲ့ သူပြန်လာတဲ့အချိန်မှာဘဲ လူတစ်ယောက်က ရုတ်တရက် သူ့ကိုဆွဲပြီးပြေးသွားခဲ့ပြီး သူ့ကို အများသုံးဖုန်းတိုင်အထိ ဆွဲခေါ်သွားခဲ့တယ်။ဒါက လင်းယုတုတ်ကို ဒေါသထွက်စေပြီး"မင်း ငါ့ကိုဘာလုပ်တာလဲ?"

ပျံတံတံ နှံ့တံတံပုံနှင့် အံဒီလူက တိတ်တိတ်နေဖို့ လက်ဟန်အမူအရာပြပြီး တီးတိုးပြောလိုက်တယ်"ခွင့်ပြုပါ။ဒါပေမဲ့ တစ်ခုခုဖြစ်နေလို့ပါ"

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now