Chapter:12(Z+U)

2.2K 362 7
                                    

Chapter(12)ဖက်ထုပ်

လင်းယုတုန်က အခုဆိုရင် စောစောအိပ် စောစောထတတ်တဲ့အကျင့်ရှိလာပြီး အစတုန်းကဆိုရင် သူက အိပ်ငိုက်ပြီး တံခါးဘောင်နဲ့တောင်ရိုက်မိတယ်။အရင်လိုဘဲ ကျန်းရီဖေးက သူ့အိပ်ခန်းက နေထွက်လာတာနှင့် သူကအစားအစာ ရနံ့ကြောင့် မီးဖိုချောင်ကိုရောက်လာပြီး တံခါးကို မှီပြီး အလုပ်ရှုပ်နေတဲ့လင်းယုတုန်ကိုကြည့်လိုက်ပြီး"ရှောင်တုန် ဒီနေ့ ကိုယ်တို့ဘာစားကြမှာလဲ?"

လင်းယုတုန်က ဇွန်းတစ်ချောင်းနှင့် အိုးထဲကိုမွေနေရင်း"ဖက်ထုပ်"

ကျန်းရီဖေးက အိုးထဲကိုကြည့်လိုက်ပြီး သေချာမမြင်ရပေမဲ့ အပေါ်မှာ ဂျုံမှုန့်တစ်ချို့ရှိနေတာကြောင့် အကူအညီမဲ့စွာမေးလိုက်တယ်"မင်းကိုယ်တိုင်ထုပ်တာလား?"

လင်းယုတုန်က လှည့်ကြည့်လာပြီး ဖြေလိုက်တယ်"အင်း ရာသီဥတုက အေးလာပြီ။ဒါ့ကြောင့် မနက်ပိုင်းမှာ စွပ်ပြုတ်ပူပူလေး စားတာက အစာအိမ်ကို သက်သောင့်သက်သာဖြစ်စေပြီး အာဟာရဖြစ်စေတယ်။အရင်ဆုံး ဆေးကြောလိုက်အုန်း။ပြီးရင် ခင်ဗျား စားလို့ရပြီ"

ကျန်းရီဖေးက လင်းယုတုန်ကို ခဏလောက် ကြည့်နေပြီးမှ ရေချိုးခန်းထဲဝင်သွားတယ်။

လင်းယုတုန်က ကျက်နေပြီဖြစ်တဲ့ ဖက်ထုတ်တွေကို ကြည့်လိုက်ပြီး သူက ပန်းကန်လုံးထဲကို ထည့်ဖို့ပြင်လိုက်တယ်။သူက ဖက်ထုတ်ငါးခုကို ဘယ်ဘက်ကပန်းကန်လုံးထဲမှာထည့်လိုက်ပြီး နောက်ထပ် ငါးခုကို ညာဘက်ပန်းကန်ထဲမှာထည့်လိုက်ပြီး သူကနောက်ထပ်ဖက်ထုပ်ငါးခုကို ဘယ်ဘက်ပန်းကန်လုံးထဲမှာ ထည့်လိုက်ပြီး သူက ဘယ်ဘက်ပန်းကန်လုံးနှင့် ညာဘက်ပန်းကန်လုံးထဲကို တစ်ခုစီကို အခုသုံးဆယ်စီထည့်လိုက်ပြီးနောက်မှာ အိုးထဲမှာ ဖက်ထုပ် သုံးခုသာကျန်တော့တယ်။သူက သူခိုးတစ်ယောက်လို ရေချိုးခန်းကို တစ်ချက်ခိုးကြည့်လိုက်ပြီး ကျန်နေတဲ့ ဖက်ထုပ်သုံးခုကို သူ့ပန်းကန်ထဲထည့်လိုက်တယ်။

ကျန်းရီဖေးက အပြင်ထွက်လာတဲ့အခါ ပုံမှန်မဟုတ်တာမရှိဘဲ သူက မွှေးကြိုင်တဲ့သင်းရနံ့ကို ခံစားမိပြီး အကူအညီမဲ့စွာ တံတွေးမျိုချမိတယ်။ဒီအချိန်မှာဘဲ အိပ်ခန်းထဲက လင်းယုတုန်၏ဖုန်းသံမြည်လာတာကြောင့် သူက လက်သုတ်ပြီး အိပ်ခန်းထဲသွားလိုက်တယ်။ကျန်းရီဖေးက ဒါကိုမြင်တော့ နတ်ဆိုးလိုနတ်ဘုရားလိုအမြန်နှုန်းနဲ့ မီးဖိုချောင်ထဲ သွားလိုက်ပြီး လျှို့ဝှက်စွာ ဖက်ထုပ်တစ်ခုကိုယူပြီး ပါးစပ်ထဲထည့်လိုက်တယ်။

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now