Chapter:13(Z+U)

2K 322 5
                                    

Chaptet(13)အနမ်းတစ်ပွင့်ခိုးယူခြင်း

ကျောင်းဖွင့်ကတည်းက လင်းအိမ်တော်က အတော်ကို တိတ်ဆိတ်နေတာဖြစ်တယ်။ဒါပေမဲ့ ဒီနေ့မှာတော့ အတော်ကိုသက်ဝင်လှုပ်ရှားနေတယ်။ဘာကြောင့်လဲဆိုတော့ လင်းယူတုန်နှင့်ကျန်းရီဖေးက လင်းအိမ်တော်ကို ပြန်လာပြီးနေထိုင်တာကြောင့် ဖြစ်တယ်။

ကျန်းရီဖေးက ကျန်းဟုန်တုနှင့်ဝမ်ပင်းယန်က မကျေနပ်ဖြစ်နိုင်ကြောင်း တွေးမိတယ်။ဒါ့ကြောင့် အဲဒီအစားသူက သူ့ယောက္ခမတွေနှင့် မိသားစုဆက်ဆံရေးတည်ဆောက်ဖို့ လာခဲ့တာဖြစ်တယ်။ပြီးတော့ လင်းယုတုန်ကလည်း သူ့မိသားစုနှင့် မင်္ဂလာပွဲကို ဘယ်လိုရိုးရှင်းစွာ ကျင်းပနိုင်မလဲဆိုတာ ဆွေးနွေးလိုတာဖြစ်တယ်။သူက သူနှင့်ကျန်းရီဖေးက ဟန်ဆောင်လက်ထပ်တာသာဖြစ်ကတည်းက ခမ်းနားကြီးကျယ်တဲ့မင်္ဂလာပွဲကျင်းပဖို့ မလိုအပ်ဘူးလို့ခံစားရတာဖြစ်တယ်။ဒီလိုလုပ်ခြင်းအားဖြင့် ငွေကုန်ကြေးကျသက်သာပြီးတော့ ဒုက္ခမများတော့တာကြောင့် ပိုပြီးမကောင်းဘူးလား?

သို့သော်လည်း ဒီလှပတဲ့စိတ်ကူးက သူက လင်းအိမ်တော်တံခါးဝကို မဝင်ခင် ပုခတ်ထဲက ကလေးငယ်စိတ်ကူးယဉ်ထားသလိုသာဖြစ်နေတယ်ဆိုတာ သိလိုက်ရတာဘဲ!

လင်းကျီဆောင်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်တယ်"သားကြီး မင်းရဲ့မိဘတွေက မင်းဆန္ဒရှိသလို အရာရာတိုင်းကို မင်းစိတ်တိုင်းကျ လုပ်ပေးနိုင်တယ်။ဒါပေမဲ့ မင်္ဂလာပွဲကို ရိုးရိုးရှင်းရှင်းလုပ်ဖို့တော့ မဖြစ်နိုင်ဘူး။ဘာကြောင့် ငါ့သားက လက်ထပ်သွားတာကို လျှို့ဝှက်ထားရမှာလဲ?ဒါက မဖြစ်နိုင်ဘူး။တကယ်လို့ မင်းက ငါ့ကိုမေးမယ်ဆိုရင်တော့ ငါက ရီဖေးပြောတာကို နားထောင်ပြီး ခမ်းခမ်းနားနားလုပ်ရမှာဘဲ"

ချန်စုနင်က ထပ်ပေါင်းပြောလိုက်တယ်"ဒါမှန်တယ်။မင်းရဲ့အမေက မင်းကိုရွှေတွေငွေတွေနဲ့ ပြုစုပျိုးထောင်ခဲ့ရတာ။ဘယ်လိုလုပ်ပြီး ငါက မင်းကို ဘာမှမဟုတ်တဲ့ ချွေးမတစ်ယောက်လို အဝေးကို လွတ်ရမှာလဲ?"

လင်းယုတုန်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့မိခင်ကို ပြောလိုက်တယ်"ဘာချွေးမလဲ?ရီဖေးနဲ့ကျွန်တော်က အတူတူရှိနေတာဘဲ။ဒါ့အပြင် ယောကျာ်းနှစ်ယောက်ကြားမှာ ချွေးမက ဘယ်ကနေပါလာတာလဲ?"

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now