အပိုင်း ( ၁ ) နတ်ဆိုးရဲ့စာချုပ်

1.5K 59 9
                                    

Unicode

သူမ ဘယ်သွားသွား နတ်မှောင်တဲ့ပိတုန်းရောင်ဆံကေသာတွေနဲ့ အထူးတင့်တယ်သော မိန်းမလှလေး..

ဝတ္ထုထဲက ထွက်လာတယ်လို့ ထင်ရလောက်တဲ့ အလှပိုင်ရှင်...

အလှအပရော သရုပ်ဆောင်အရည်အချင်းကိုရော
ဝင့်ကြွားနေတဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်အချိုးအစား...

ဆလီနာသည် သည်းထိပ်ရင်ဖိုဇာတ်လမ်းများကို ဇာတ်အိမ်တည်ထားသော ဇာတ်ညွှန်းများအားလုံး၏ဇာတ်ဆောင်မင်းသမီးတစ်ဦးဖြစ်သည်။

Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro.

ဆလီနာသည် သည်းထိပ်ရင်ဖိုဇာတ်လမ်းများကို
ဇာတ်အိမ်တည်ထားသော ဇာတ်ညွှန်းများအားလုံး၏
ဇာတ်ဆောင်မင်းသမီးတစ်ဦးဖြစ်သည်။

"အမ... လူစားထိုးကြရအောင်"
ချောက်ကမ်းပါးအောက်ခြေ တစ်ဖက်ခြမ်းမှ ကြည့်ရင်း မန်နေဂျာမလေး သက်ပြင်းချရင်း ပြောလိုက်သည်။

ဆလီနာက အပြုံးဖြင့် ခေါင်းကိုခါရမ်းလိုက်သည်။

ကျွန်မ ကြောက်လွန်းလို့ မေ့လဲမတတ်ဘဲ.. ဒါပေမဲ့
ကျွန်မရဲ့မျက်နှာပေါ်မှာတော့ အဲ့တာကို လုံးဝပြမှာမဟုတ်ဘူး။ အားနည်းချက်ကို ပြရတာ ကျွန်မမုန်းတယ်

"ဒီနှစ် အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုအတွက်
ငါ ကြိုးစားရမယ်လေ.."

ဒါပေါ့ သူမ ကြိုးစားရမည်..သရုပ်ဆောင်ဆုတွေဆိုတာ
အလကားရနိုင်သည့်အရာမဟုတ်...အလုပ်ကြိုးစားရန်
လိုအပ်သည်။

"အာ..အခုထိလား အမရယ်! ဒီနေရာက မတော်တဆ
မှုတွေ ခဏခဏဖြစ်တယ်တဲ့၊ နောက်ပြီး အလောင်း
တွေကိုလဲ ပြန်ရှာမတွေ့နိုင်ဘူးတဲ့" မန်နေဂျာမလေးရဲ့
မျက်နှာမှာ စိုးရိမ်ပူပန်မှု့တွေ အပြည့်...။

"အဲ့လိုရယ်စရာဇာတ်လမ်း‌တွေကို နင် ဘယ်က ကြားလာတာလဲ? " ဟုဆလီနာက ဆိုကာ ငါသာ ဒီရယ်စရာ
ကောလဟာလတွေရဲ့ သားကောင်ဖြစ်သွားရင် ဆိုတဲ့
သဘောမျိုးဖြင့် သူမ ပြုံးလိုက်သည်။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Jul 27, 2020 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

I Will Seduce The Northern Duke Dove le storie prendono vita. Scoprilo ora