[1]

1.3K 105 8
                                    

[Unicode]

ရှောက်ကျုံး(gong)]ရဲ့ရှု့ထောင့်

01:ရှောက်ကျုံး

ကျွန်တော့်နာမည်က ရှောက်ကျုံး။
လိင်က ယောက်ျားလေး။
လိင်စိတ်တိမ်းညွှတ်မှုက​တော့ ဂေးပေါ့။
ကျွန်တော်က ဒီနှစ်ဆို ၂၆ပြည့်ပြီ။
ပြီးတော့လည်း အခြားတစ်ယောက်အပေါ်မှာ ဂရုစိုက်တတ်တဲ့သူမျိုး ဖြစ်တဲ့အပြင် အတော်အတန်သင့် အောင်မြင်တဲ့ ယောကျ်ားတစ်ယောက်လည်း ဟုတ်တယ်။
အထင်မလွဲသွားပါနဲ့ဦး!ကျွန်တော်က blind date အတွက် လာတာမဟုတ်ပါဘူး။
ကျွန်တော်မှာ လုနင်းလို့ခေါ်တဲ့ ရည်းစားလေးတစ်​ယောက်ရှိတယ်။ကျွန်တော်တို့က တက္ကသိုလ်မှာ စတွေ့ခဲ့ကြတာ၊အတန်းဖော်တွေပေါ့။တစ်ယောက်နဲ့ တစ်ယောက် သိခဲ့ကြတာလည်း ၈နှစ်ရှိပြီ။ရည်းစားသက်တမ်းကလည်း ၇နှစ်ရှိခဲ့ပါပြီ။
ကျွန်တော့ရည်းစားလေးနဲ့ ရည်းစားဘဝက တော်တော်လေး အဆင်ပြေတယ်ပြောရမယ်။
ပြီးတော့ ရည်းစားဘဝမှာ ရန်ဖြစ်တယ်ဆိုတာ မရှိသလောက်ပဲ။
ဒါပေမယ့် ကိစ္စတစ်ခုတော့ရှိတယ်။အဲကိစ္စက ကျွန်တော့ကို အချိန်အကြာကြီးကြာအောင်ကို စိတ်ရှုပ်စေခဲ့တာ။

အဲတာက ကျွန်တော့်ရည်းစားလေးက သူ့ကိုယ်သူ အ​ဖြောင့်ဆိုတာကို အခိုင်အမာကို ပြောနေခဲ့တာပဲ! ကျွန်တော်နဲ့ရည်းစားသက်တမ်း ၇နှစ်ကြာတာတောင်မှလေ.....
ရည်းစားသက်တမ်းက ၇နှစ်ကျော်လာတာမှ အဲ့ကိစ္စရှိနေသေးတာမို့ ကျွန်တော် နည်းနည်း​လေးစိုးရိမ်လာတယ်။

02.ပထမအလွဲ

သူ့ကိုပထမဦးဆုံး စတွေ့တဲ့အချိန်က ကျွန်တော်တို့နှစ်ယောက်လုံး တက္ကသိုလ်မှာ ပထမနှစ်တက်နေတဲ့ အချိန်ပဲ။အဆောင်ထဲရောက်တော့ အထုတ်တွေ ဘာတွေ ထုတ်စရာရှိတာထုတ် သိမ်းစရာရှိတာသိမ်းပြီး ကွန်ပြူတာနဲ့ ဂိမ်းဆော့ရင်းအနားယူဖို့ ကွန်ပြူတာ ဖွင့်တဲ့အချိန် သူက တံခါးဖွင့်ပြီးဝင်လာခဲ့တယ်။
သူပုံစံလေးက ပိန်ပိန်ပုပုပဲ။ဒါပေမယ့်လေ... သူကအရမ်းလှတယ်။
လှတယ်ဆိုတဲ့ စကားလုံးက ယောက်ျားလေးတစ်ယောက်ကို မသုံးသင့်ဘူးဆိုတာသိပါတယ်။
ဒါပေမယ့် အဲ့အချိန်မှာ ဒီစကားတစ်လုံးပဲ ခေါင်းထဲ အရင်ရောက်လာတာလေ။

ကျွန်တော့်ဇနီးလေးက အ​ဖြောင့် ||မြန်မာဘာသာပြန်||Where stories live. Discover now