J.E.A.L.O.U.S
#Taoris
#Chanbaek
#KrisYeol
#TaoHun
** Tao..မင်းဘာဖြစ်နေတာလဲ?
ဒီနေ့ပွဲမှာဘလိုဖြစ်နေတာလဲ?
ပီးတော့.ငါ့ကိုလဲဘာလို့ရှောင်ဖယ်ရှောင်
ဖယ်လုပ်နေတာလဲ?**
Dorm ကိုပြန်ရောက်သည်နှင့် Kris ပေါက်ကွဲတော့သည်.Manager Hyungကလဲ
K Member တေ Schedule ရှိ၍ လိုက်မလာ..staff တေလဲ တယောက်မှ မရှိ...Dorm တွင်သူတို့ M member 6 ယောက်တည်းရှိချိန် ဆိုတော့..Kris တွင် လွတ်လပ်စွာ
ပေါက်ကွဲပိုင်ခွင့် အပြည့်ရှိသည်လေ...
Kris မှာသာ မျက်နှာ တခုလုံးနီရဲနေပီး...
ဒေါသတေနဲ့ပေါက်ကွဲနေတာ..ကိုယ်တော်ချော Tao က ရေသောက်ပင် မပျက်...
ပီးတော့Kris ကို တချက် စွေကြည့်လိုက်ကာ ဘာမှမပြောဘဲ သူ့အခန်းရှိရာ အပေါ်ထပ်ကို တက်သွားလေတော့.....Kris ရဲ့ဒေါသတေက ငယ်ထိပ်ကို တက်ဆောင့်တော့သည်....
*** weiiiii..........Huang zi tao. .....မင်း အာ့မှာ
ရပ်နေလိုက်စမ်း***
Kris....Tao နောက်ကို လိုက်မည်အပြု...
ပခုံးကို....လက်တဖက်လာရောက်
ဆုပ်ကိုင်သဖြင့် လှည့်ကြည့်လိုက်သည်.
** LuHan....မင်း အသာနေပါ..ဒီကောင် ဒီနေ့
လုပ်တာ Fan တေကြား ဘလောက်တောင်ပြောစရာဖြစ်သွားပီလဲ
:-O
** သူ့မှာလဲ အကြောင်းရှိမှာပေါ့.Kris ရယ်..
Tao ဘယ်တုန်းက ခုလို လုပ်ဖူးလို့လဲ?
ပီးတော့...သူဘာမှလုပ်တာမှမဟုတ်တာ..
ဘာစကားမှ မပြောဘဲ ဒီတိုင်းလေးနေတာပဲရှိတာလေ....**
တကယ်တမ်းဖြစ်လာမှတော့ ..အေးလှပါချည်ရဲ့ဆိုတဲ့ XiuMin လဲမနေသာတော့ဘဲ..Tao ဘက်က ၀င်ပါရတော့သည်..
YOU ARE READING
J.E.A.L.O.U.S { Complete }
Fanfictionခင်ဗျားတို့ရော..ချစ်ပီးရင် သဝန်တိုတတ် ကြသလား? ကျွန်တော်ကတော့ သဝန်အရမ်းတိုတယ်.. အဲ့ဒီ ဂလန်ဂလားငှက်ဆိုးကြီးကို ကျွန်တော်က လွဲ! သူ့ဘေးရှိသမျှ လူတိုင်းနဲ့ သဝန်တိုတယ်!