Unicode ver

319 23 5
                                    

ညဉ့်နက်သန်းခေါင် လူခြေတိတ်ဆိတ်တဲ့ လမ်းမထက် ကောင်လေးနှစ်ယောက်ရဲ့ရီသံတွေကပြည့်နှက်နေသည်။တစ်ရက် တစ်ည မက တစ်ပတ်လည်းမဟုတ် နှစ်ပတ်လည်းမဟုတ်ပေ ။ 10နှစ်တိတိ ထိုမြင်ကွင်းလေးမှာမပြောင်းလဲ။ လိမ်မာသော ချာတိတ်လေးများတော့မဟုတ်ပေ။

တစ်ဦးမှာ 'သတိုးခ'
၅ပေကျော်အရပ်အမောင်းနှင့်ရယ်သံလွင်လွင်တို့ရဲ့ပိုင်ရှင်ပင်။ ရုပ်ရည်နဲ့မလိုက်အောင် ဆိုးသွမ်းသူဖြစ်ပြီး ခိုးဆိုးလုနှိုက်တင်မက မကျေနပ်လျှင် လူပါရိုက်သူ။

နောက်တစ်ဦးမှာ 'နေ့ရောင်ခြည်'
သတိုးခ တစ်ယောက်ကိုသာကြည့်ပြီး အသက်ရှင်လာသူဟုဆိုရလောက်အောင်ပင် ။အထက်တန်းကျောင်းသားဘဝက ကားတိုက်ခံရ၍ ဆေးရုံတွင်သတိလစ်နေသော်လည်း သတိုးခမှလာ၍ မင်းမထသေးဘူးလားဟု ညူစူလိုက်ရုံဖြင့် သတိပြန်ဝင်ကာ ညတွင်းချင်း ကားခိုးမောင်းကြသူတွေပင်ဖြစ်သည်။

"ခ မင်းသတိထားဦးနော်"

"သတိုးခပါ ဟ မင်းကလည်း အပိုတွေလုပ်မနေနဲ့"

"ဟိုဘက်ကကောင်တွေနဲ့ငြိရင် နှစ်ကောင်လုံးသေမှာသိတယ်မလား "

"သွေးကြောင်နေရင် အတူတူမလိုက်လာနဲ့  နေ့ရောင်ခြည်"

"ဒီ‌ငါ...အေးအေး ငါကစိတ်ပူလို့"

"ရောင်ခြည် ဟိုကောင်က ငါတို့ဂွင်ကို လာငြိသွားတဲ့ကောင်မို့လား "

"အေးဟုတ်တယ်လေ ဘာလို့လဲ"

"အမ်မာ ဒီကောင်က ကားနဲ့ဘာနဲ့ပါလား"

"အဲ့ဒီတော့"

သတိုးခ winkတစ်ချက် မှိတ်ပြလ်ုက်တာနဲ့ နေ့ရောင်သိသည်။ ဒယ်ဒီ့ပိုက်ဆံအိတ် မျက်ခုံးလှုပ်ရောပေါ့..။ ကားနောက်ခန်းမှ ဘေ့စ်ဘောတုတ်ကို ယူ‌ ပေးလိုက်တော့ တစ်ချက်ပြုံးရင်း ထိုကားမှန်ကို တစ်ရှိန်ထိုးပစ်ရိုက်လိုက်သည်။
နေ့ရောင် ကတော့ ကားပေါ်မှာ ဆေးလိပ်သောက်ရင်း ချစ်ရတဲ့ကောင်လေး ပြုလုပ်နေသမျှကိုပြံုးကြည့်နေလိုက်သည်။

"နေ့‌‌ေရာင် ဟိုကောင်တွေလာပြီဟ"

အပြေးတစ်ပိုင်းရောက်လာတဲ့ ခ ကြောင့် နောက်ကိုတချက်ကြည့်မိတော့ ဟိုအုပ်စုရောက်လာခြင်းပင်။ ပြသနာကိုမီးထွန်းရှာတတ်သော ကြွက်စုတ်ပင်။

ပင်လယ်တစ်စင်းရဲ့ရွက်လှေငယ်One Short /ပင်လယ်တစ်စင်းရဲ့ရွက်လှေငယ်One ShortWhere stories live. Discover now