Chapter:15(Z+U)

1.3K 298 1
                                    


အပိုင်း(၁၅)ဝိုင်လဲလှယ်ခြင်း

အခန်းတွင်းက လေထုက ပြောင်းလဲသွားပြီး ကျန်းဟုန်တု၏မျက်နှာက ရုပ်ဆိုးသွားပြီး ကျန်းရီနင်ကိုကြည့်ရတာတော့ ကြောက်သွားပေါ်ပုံပေါတယ်။ဝမ်ပင်းယန်ကတောင် အမြီးတက်နင်းခံရတဲ့ခွေးတစ်ကောင်လိုခံစားရတယ်။ဝမ်ပင်းယန်က ပြုံးပြီးပြောလိုက်တယ်"ဒေါ်လေးငယ် ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီးပြန်လာရတာလဲ?"

ကျန်းဟုန်ရင်က တစ်ချက်ခုန်လိုက်ပြီး အနီးအနားက ဘားက ထိုင်ခုံမှာ ကျူးကျော်ထိုင်လိုက်ပြီး သူမရဲ့ဘောင်းဘီကို ပုတ်ပြီးပြောလိုက်တယ်"တကယ်လို့ငါသာမလာဘူးဆိုရင် ငါ့တူက အနိုင်ကျင့်ခံနေရတာကို ငါဘယ်လိုလုပ်သိမလဲ?"

သူမက ကျန်းရီဖေးကို မေးလိုက်တယ် "ရှောင်ဖေး ဘယ်တစ်ယောက်က မင်းဇနီးလဲ?"

ကျန်းရီဖေးက လင်းယုတုန်ကို ညွှန်ပြလိုက်တယ်။

ကျန်းဟုန်ရင်က လင်းယုတုန်ကို အပေါ်အောက်ကြည့်လိုက်တယ် "အဆင်ပြေသားဘဲ။ငါက ရှောင်ဖေးအကြောင်းကို အများကြီးမသိပေမဲ့ သူက တက်ကြွပြီးတော့ စိတ်ထားကောင်းတဲ့သူပါ ကလေး မင်းနာမည်က လင်းယုတုန်နော် ဟုတ်တယ်မလား?"

လင်းယုတုန်က ပြုံးပြီးပြောလိုက်တယ် "ဟဲလို ဒေါ်လေး"

ကျန်းဟုန်ရင်က ခေါင်းငြိမ့်လိုက်တယ်"ငါအပြင်ကနေ မင်းပြောတာကိုကြားခဲ့တယ်။မင်းက ငါ့အကြိုက်ဘဲ။ငွေတစ်မျက်နှာတည်းကြည့်တဲ့သူတွေနဲ့မတူဘူး"

ကျန်းဟုန်တု၏မျက်ခုံးတွေက တွန့်သွားပေမဲ့ သူက ဘာမှတော့မပြောလာဘူး။သူ့ရဲ့စိတ်ခံစားချက်က အနှုတ်ဘက်ကိုရောက်နေပြီး သူက မလိုချင်ပေမဲ့ မငြင်းဆန်ဘူး"ဟုန်ရင် မင်းဒီကိုဘာလို့ပြန်လာတာလဲ?ဒီအချိန်က....."

ကျန်းဟုန်ရင် ပြုံးပြီးပြောလိုက်တယ်"ဘာမှမဟုတ်ပါဘူး။ငါက ငါ့ကိုဖုန်းကွယ်ပြီး လုပ်ချင်တာလုပ်နေမှာစိုးတာကြောင့် ငါကဒီကိုလာခဲ့တော့ ငါ့တူကို ကျန်းမိသားစုကနေ ကန်ထုတ်ဖို့ကြိုးစားနေတဲ့ စက်ဆုတ်စရာကောင်းတဲ့သူကို မြင်ရတာဘဲ"

သူမပြောတာကို တစ်ယောက်မှမငြင်းရဲတာကိုတွေ့တော့ သူမက စိတ်ကျေနပ်စွာပြောလိုက်တယ်"ကောင်းတယ်။ကြည့်ရတာတော့ ဒီမင်္ဂလာပွဲကို တစ်ယောက်မှမငြင်းတော့ပုံဘဲ။ဒါဆိုရင် ငါတို့က ဆက်ပြောကြရအောင်။ငါတို့က ကျန်းမိသားစုရဲ့ငါးဆက်မြှောက်မျိုးဆက်တွေဘဲ။ငါတို့က ဘာလုပ်သင့်သလဲ?"

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now