Part 1

1.2K 60 1
                                    

Sun Flower Companyကြီးရဲ့ရုံးခန်းတစ်ခန်းထဲမှစူးရှသောအော်သံတစ်ခုကရုံးခန်းအပြင်ဘက်ကဝန်ထမ်းတွေကိုပါငြိမ်သက်တုန်လှုပ်သွားစေသည်။

Bright: မင်းအလုပ်ကိုနောက်မကျပါနဲ့လို့ငါပြောထားတယ်မဟုတ်လား မင်းကငါ့ကိုအရေးမလုပ်ဘူးဆိုတဲ့သဘောလား

Staff : မဟုတ်ပါဘူးBossရယ် ကျွန်တော်အိပ်ယာထနောက်ကျသွားလို့ပါ ကျွန်တော်တောင်းပန်ပါတယ် နောက်မဖြစ်စေရပါဘူး

Bright: ငါ့ဘဝမှာအပြစ်လုပ်ဖူးတဲ့သူကိုလုံးဝခွင့်မလွှတ်တတ်ဘူး မင်းကိုအလုပ်ဖြုတ်လိုက်ပီ ခုထွက်သွားတော့

ဝန်ထမ်းကောင်လေးလဲကြောက်ကြောက်နဲ့ထွက်သွားလေတော့သည်။ကောင်လေးထွက်သွားပီးတော့Tayနဲ့Newတို့Brightရဲ့ရုံးခန်းထဲကိုဝင်လာလေသည်။

Tay: စိတ်ကိုလျှော့ပါBrightရာ မင်းအလုပ်ထုတ်ပစ်လိုက်တဲ့ဝန်ထမ်းတွေလဲမနည်းတော့ဘူးနော် ကြာရင်ငါတို့အလုပ်ထိခိုက်လိမ့်မယ်ကွ

Bright: ဝန်ထမ်းလိုတယ်လို့ကြော်ငြာလိုက်တာနဲ့လာလျှောက်ချင်တဲ့သူတွေမှတစ်ပုံကြီး ရေးကြီးခွင်ကျယ်တွေပြောမနေပါနဲ့ကွာ မင်းသာအလုပ်မှာအချိန်ပြည့်မနေဘဲအလေလိုက်‌ေနတာ တစ်နေ့တစ်နေ့မိန်းမတွေနဲ့ဘဲအချိန်ကုန်နေတာ ဒီCompanyကငါတို့သုံးယောက်စပ်တူဖွင့်ထားတာဆိုတာကိုလဲသတိရအုံး

New: ဟုတ်တယ်Tay မင်းအလုပ်ကိုတော့ပုံမှန်လာသင့်တယ် အချိန်ပြည့်မိန်းမတွေနဲ့ဘဲနေချင်မနေပါနဲ့ကွာ

Tay: ဟူး.....မင်းတို့ကောင်တွေကငါနဲ့စရိုက်မှမတူကြတာကိုး Brightကဇီဇာကြောင်ပီးမာနကြီးတယ် New မင်းကရောဘာထူးလဲ အေးတိအေးစက်အူကြောင်ကြောင်နဲ့

New: မင်းလိုတော့ငါကမရှုပ်ဘူးကွ

အဲ့အချိန်တွင်Tayဖုန်းမြည်လာလေသည်။

Tay: Hello Baby ပြော ....... Ok လေ ကိုကိုခုလာခဲ့မယ် ဒါဘဲနော်

Tay: ဟေ့ရောင်တွေ ငါ့Babyလေးငါ့ကိုခေါ်နေပီ သွားတော့မယ် Bye

Bright: မင်းကတော့နိုင်ကိုမနိုင်ဘူး သွားချင်ရာသာသွားတော့ကွာ

Tayထွက်သွားတော့Newလဲသူ့ရုံးခန်းထဲပြန်ထိုင်ပီးတွေးနေလေတော့သည်။သူတို့သုံးယောက်သူငယ်ချင်းစဖြစ်ခဲ့ပုံကိုပေါ့။

မင်းရဲ့အရိပ်Where stories live. Discover now