Chapter:16(Z+U)

1.4K 279 4
                                    

Chapter(16)မမျှော်လင့်ထားသောအမြတ်

ကျန်းရီဖေးက ယောင်ချန်းစီမံကိန်းကမှငွေကြေးကို သူကိုယ်တိုင်အတွက် လွှဲပြောင်းချင်တာကြောင့် အချို့သောမန်နေဂျာတွေသည် ဒါက မမှန်ကန်ဘူးလို့ခံစားရပေမဲ့ သူက တကယ်ကြီးကိုလွှဲပြောင်းချင်နေပြီး ဘုတ်အဖွဲ့ကမန်နေဂျာတွေသည် စီမံကိန်းကို လွှဲပြောင်းရသည့်အကြောင်းအမှန်ကို သိလာပြီး လက်ခံလိုက်ရသည်။

ကျန်းရီဖေးက လူတွေကိုပြောခဲ့တယ် "အကိုကျိုး ဒီစီမံကိန်းကို ကျွန်တော်တို့နှစ်ယောက် အောင်မြင်ခဲ့တာ။ဒါပေမဲ့ ကျွန်တော်တာဝန်ယူပြီးနောက်မှာ ကျွန်တော်ပြသနာတွေကို ပိုတွေ့ခဲ့တယ်။အကိုက ကျွန်တော့်ထက်ပိုသိပါတယ်။ဒါက မပြီးဆုံးသေးဘူးဆိုသော်လည်းဘဲ ကျွန်တော်က လက်ထက်ပွဲကိုအရင်လုပ်ချင်တယ်။အရင်ဆုံး စီမံကိန်းကို သူတို့လက်ထဲမှာထားလိုက်တာက ပိုကောင်းပါတယ်။နောက်ကျရင်တော့ သူတို့က ကျွန်တော်တို့လက်ထဲကို ပြန်ထည့်ရလိမ့်မယ်။ဒါပေမဲ့ အဲဒီအချိန်ကျရင် သူတို့ဘာမှလုပ်ရဲတော့မှာ မဟုတ်ဘူး"

ကျိုးစီက သက်ပြင်းချလိုက်တယ် "ဒါက မင်းအတွက်ခက်ခဲတယ်။မင်းမိထွေးက ဒီနှစ်မှာ ကုမ္ပဏီမှာ အာဏာကြီးလာပြီး ကျန်းရီနင်နဲ့ငွေကြေးပိုင်းကအရာရှိချုပ်လည်း ချိန်းတွေ့နေကြတယ်။ဒါက အတော့်ကို ခံစားရ....ထားလိုက်တော့..ဘာဘဲဖြစ်ဖြစ် မင်းစိတ်ရိမ်စရာရှိသေးတယ်။ဒါကို အရင်လုပ်လိုက်..ဒါဆိုမင်းလည်းအားလပ်ချိန်ရလာလိမ့်မယ်။ငါကြားတာတော့ ငါအလုပ်ခရီးထွက်နေတုန်းက မင်းချစ်သူလာတယ်ဆို..ငါတော့ သူ့ကိုမမြင်ဖူးသေးဘူး..ငါ ငါတို့အတူ ညစာထွက်စားဖို့ အခွင့်ရေးရဖို့မျှော်လင့်ပါတယ်"

ကျန်းရီဖေးက ပြုံးပြီးပြောလိုက်တယ် "သေချာတာပေါ့"

ကျိုးစီ ထွက်သွားပြီးနောက်မှာ ချန်းရှောင်ဝင်လာခဲ့ပြီး စာလုံး၁၅လုံးအတန်းလိုက်ရေးထားတဲ့ A4စာရွက်ကိုပေးလိုက်တယ်။

ကျန်းရီဖေးက အပေါ်ကနေ အောက်ကိုကြည့်ပြီး မေးလိုက်တယ် "နာမည်ပြင်လို့ရနိုင်မလား?"

ချန်းရှောင်က ပြောလိုက်တယ် "ရတယ်။လျှို့ဝှက်ဂဏန်းက မင်းအသုံးပြုနေတဲ့ဟာဘဲ။တကယ်လို့ မင်းပြောင်းချင်ရင်လည်း မင်းပြောင်းလိုက်လို့ရတယ်"

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now