Chapter:17(Z+U)

1.4K 264 4
                                    

Chapter(17)အသုံးစရိတ်

"ရယ်မောနေသောအရှင်သခင်"အမည်ကို အသုံးပြုတဲ့သူက စာချုပ်ချုပ်ထားတဲ့သူဖြစ်တယ်။လင်းယုတုန်က ကျင်းဖန်စာပေကွန်ရက်မှာ စာချုပ်ချုပ်ပြီး မကြာခင်မှာ သိကျွမ်းခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တယ်။သူက ကျင်းဖန်းစာပေအောက်မှာ နတ်ဘုရားအဆင့်ဝတ္ထုရေးသားသူ စာရေးဆရာတစ်ယောက်လည်းဖြစ်တယ်။အရင်ဘဝတုန်းက သူတို့က ဒုတိယအကြိမ်စာမူခထုတ်ချိန်မှာ ပထမဆုံးသိကျွမ်းခဲ့တာဖြစ်တယ်။နောက်ပိုင်း တတိယအကြိမ်စာမူခ မထုတ်ခင်မှာ သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ပိုပြီးရင်းနှီးလာပြီး သူငယ်ချင်းတွေဖြစ်လာခဲ့တယ်။သူငယ်ချင်းတစ်ဖွဲ့တည်းမှာ လင်းယုတုန်က သူ့ကိုသဘောအကျဆုံးဘဲ..သူ့မှာ လျှာစောင်းထက်တဲ့ပါးစပ်ရှိတယ်။ဒီလူက သူပြောလိုက်တဲ့စကားက လူကိုသတ်နိုင်သော်လည်းဘဲ သူ့ရဲ့ငြင်းခုံမှုက အမြဲတမ်းကျိုးကြောင်းဆီလျော်မှုရှိတယ်။

အကျိုးအမြတ်တစ်စုံတစ်ရာပြန်ယူခြင်းမရှိဘဲ ကူညီပေးမယ့်သူဖြစ်တယ်...ဒီလူက ဆွေမျိုးလို့မခေါ်ရင် ဘယ်သူ့ကိုခေါ်မလဲ?ဒီလူက အဆွေခင်ပွန်းကောင်းတစ်ယောက်ဖြစ်တယ်...

ကျန်းရီဖေးက သူ့ရဲ့တကယ့်ခင်ပွန်း အိမ်ထောင်ဖက်ဖြစ်သော်လည်းဘဲ သူက အဆွေခင်ပွန်းကောင်းဖြစ်တယ်။သူက ကျန်းရီဖေးအတွက် ဒိုင်းတစ်ခုမျှသာ ဖြစ်ပြီး သူနှင့်ကျန်းရီဖေးက အပြန်အလှန် အကျိုးရှိဖို့သာ စောင့်ရှောက်ကြတာဖြစ်တယ်။

ကျန်းရီဖေးက သူ့ကိုသန်း၂၀မပေးခင်တုန်းက လင်းယုတုန်က အမြဲတမ်း သူတို့က "ရဲဘော်ရဲဘက် ခင်မင်ရင်းနှီးမှု"လို့သာ ခံစားခဲ့ရတာဖြစ်ပြီး ညီအကိုကောင်းတွေလို့သာ တွေးခဲ့တာဖြစ်တယ်။တစ်ယောက်နှင့်တစ်ယောက် အတတ်နိုင်ဆုံး ကူညီဖို့ စွမ်းဆောင်နိုင်ပေမဲ့ တစ်ယောက်ကိုတစ်ယောက် ငွေထုပ်ပုံပေးရလောက်တဲ့အဆင့်ထိမရောက်သေးဘူး။

ဒါကြောင့် ဒါက ...ကျန်းရီဖေးက ဘာကိုဆိုလိုတာလဲ?

လင်းယုတုန်က ကျန်းရီဖေး၏ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး အနည်းငယ်ရှုပ်ထွေးနေတယ်။တကယ်တော့ အခုချိန်မှာ ထူးဆန်းတဲ့အဖြစ်အပျက်တွေ အတော်များနေပြီလို့ သူထင်တယ်။ဥပမာ...ကျန်းရီဖေးက အိပ်ရာလိပ်မဝယ်ခင်ကတည်းက သူ့အကြောင်းသိနေတယ်။ကျန်းရီဖေးက လင်းယုတုန်ကို ဒိုင်းအဖြစ် လက်ထပ်မှတ်ပုံတင် တင်ခဲ့သော်လည်းဘဲ လင်းယုတုန်နှင့်သူ့မိသားစုကို ဝမ်ပင်းယန် မနှောင့်ယှက်စေရန် ဝမ်ပင်းယန်မသိမချင်း သူ့မိသားစုကို ဝန်ခံခြင်းမရှိဘူး။ဒါတင်မက ကျန်းရီဖေးက သူ့ကိုကာကွယ်ပေးဖို့ ကုန်းလင်းဝမ်ကို အစောကတည်းက စီစဉ်ခဲ့တယ်။လက်ထပ်မှတ်ပုံတင် တင်တဲ့နေ့မှာ ကျန်းရီဖေးပေးခဲ့တဲ့ဖောင်တိန်ကလည်း ရက်အနည်းငယ်အတွင်းမှာ ပြုလုပ်ဖို့မဖြစ်နိုင်ဘူးလို့ ခံစားရပြီး ကျန်းရီဖေးက သူ့မိဘတွေအပေါ် သဘောထားကလည်း သူ့မိဘရင်းထက်တောင် ပိုတယ်...

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now