အပိုင်း၃၈

3.4K 416 44
                                    

   အပြင်လောကမှ နေအလင်းရောင်က ပြတင်းပေါက်အား ကျော်ဖြတ်ကာ အခန်းထဲတွင် အလည်အပတ် ရောက်လျက်ရှိသည်။ ဝင်ချည်ထွက်ချည် ပြုလုပ်နေသော လေပူပူက ခန်းစီးစများအား ကလူ၏မြှူ၏ လုပ်နေသဖွယ်။

    အခန်းတွင်းရှိ ကုတင်ကျယ်ပေါ်တွင် ယောင်္ကျားပျိုတစ်ဦး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလျက်ရှိသည်။ ထိုလူငယ်၏ နံဘေးတွင် အကြောင်းအရင်းမရှိ အချိန်အကြာကြီး ငုတ်တုပ်ထိုင်နေသည့် ကောင်လေးတစ်ဦးလည်း ရှိပြန်သည်။ ထိုကောင်လေး၏ မို့အစ်နေသယောင် ထင်ရပေမဲ့ ခပ်ချောင်ချောင် ဖြစ်နေသည့် မျက်ဝန်းများက အိပ်နေသော လူငယ်၏ မျက်နှာအရပ်၌ နားခိုနေသည်။ သို့သော် သူသည် ကိုယ်လက်လှုပ်ရှားခြင်းဟူ၍ တစ်စိုးတစ်စိမျှ မပြုဘဲ အိပ်နေသော လူငယ်အား သည်အတိုင်း ကြည့်ရုံသာ တစိမ့်စိမ့် ကြည့်နေ၏။

    အတန်ကြာသောအခါ ထိုကောင်လေးသည် လှုပ်ရှားမှုတစ်ခုအား ပြုလုပ်ပြီး ပြုံးလိုက်သည်။ သူ၏ လက်ချောင်းရှည်များသည် အိပ်နေသူ၏ ဆံပင်တို့အား ထိုးဖွကာ ဆော့ကစားနေသည်။ 

    "ဘယ်သူများလဲလို့ တစ်လျှောက်လုံး စဉ်းစားနေခဲ့တာ... အချိန်အကြာကြီး ရှာနေခဲ့ရတဲ့သူ ဖြစ်နေတာပဲ"

    °°°°°°°

    အမြင်အာရုံ ပွင့်ပွင့်ချင်း မြင်လိုက်ရသည့် မျက်နှာကျက်ပုံစံက သူ့အခန်းထဲမှ မျက်နှာကျက်နှင့်မတူ။ သူ့ကျောအောက်မှ အိပ်ရာသည်လည်း သူ့အိပ်ရာမဟုတ်။ ဘေးပတ်ဝန်းကျင်ရှိ စိမ်းသက်သက် အခြေအနေအားလုံးသည်လည်း သူမမြင်ဖူးသည့် နံရံများနှင့် အဆုံးသတ်ထားသည်။

    ဘယ်ကိုရောက်နေတာလဲ။

    ရုတ်တရက် အိပ်ရာမှ ထလိုက်တာကြောင့် ခေါင်းထဲတွင် ဆစ်ခနဲ ထိုးကိုက်သွားသည်။ နားထင်ကို လက်ဖြင့် ဖိရင်း ဤအခန်းအား အကဲခတ်မိသည်။ သူ့ကိုယ်ပေါ်တွင်လည်း အဝတ်အစားတို့ ရှိမနေ။ ကုတင်ခြေရင်းတွင် သူ့အဝတ်အစားများက ဟိုသည်ပြန့်ကျဲလို့နေသည်။

    ဒါဘယ်လိုအခြေအနေကြီးလဲ။

    ထိုအဝတ်အစားတို့အား ပြန်လည်ကောက်ယူဝတ်ရင်း အခြေအနေ အရပ်ရပ်အား စဉ်းစားတွေးတောမိသည်။ လေးလံနေသော ဦးနှောက်က သူ့အား အပိုင်းပိုင်း အစစ ဖြစ်နေသော မှတ်ဉာဏ်များကိုသာ ဟိုတစ်ဖြတ် သည်တစ်ဖြတ် ထုတ်ပေးသည်။ ထိုမှတ်ဉာဏ်အပိုင်းအစများအား ကိုယ့်ကိုယ်ကို ဖိအားပေး၍ ဆက်စပ်ကာ ပုံဖော်ကြည့်မိသည်။

ရင်ကွဲငှက်ငယ်Where stories live. Discover now