ပျိုး

902 57 5
                                    

Unicode

ခွက်ကို မြှောက်ကာလှုပ်လိုက်တော့ တိတ်ဆိတ်နေသည့် bar အတွင်း ရေခဲများကခွက်သို့ရိုက်သံကို
ရှင်းရှင်းလင်းလင်းကြားရသည်။
Bar ဆိုပေမဲ့ လူများများစားစားတော့မရှိ။လူကုံထံတွေသာလာနိုင်သောbarမို့  fern အပါအဝင်
လက်ချိုးရေလို့ရသည့်လူအနည်းစုသာရှိမည်။
သို့သော် ထိုလူအနည်းစု၏အာရုံတွေဟာ fern
ဆီမှာ။

ဘာလို့များထူးဆန်းနေကြပါလိမ့်။ဒီကိုလာတာ
ပထမဆုံးလည်းမဟုတ်။စိတ်ညစ်တိုင်း၊
အဆင်မပြေတိုင်း၊ငိုချင်တိုင်း၊ဝန်းနည်းတိုင်း၊
ပြီးတော့ စိတ်ထဲအဲ့အမျိုးသမီးရောက်လာတိုင်း
ဒီနေရာကလာနေကျဖြစ်သည်။
သူတို့အမြင်မှာ နိုင်ငံကျော် မင်းသမီး Barလာတာ
တော်တော်များဆန်းနေသလား။ အဲ့အမျိုးသမီး
ပြောဖူးသလိုပဲ လူတွေကအရူးတွေ။

ကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ ပုလင်းထဲက
အရက်တွေကုန်အောင်သောက်မိနေသည်မို့
ကိုယ့်ကိုယ်ကိုတောင်အံ့ဩရသေးသည်။
ခါတိုင်းနေ့တွေလည်းသောက်နေကျဆိုပေမဲ့
ဒီလောက်ထိတော့မသောက်နိုင်။
ဒီနေ့ကတော့ စိတ်ညစ်စရာပိုရှိလို့နေမယ်။

သေချာတာပေါ့ အဲ့ယောက်ျားရဲ့ Twitter မှာ
သူရယ် အဲ့အမျိုးသမီးရယ်နဲ့ပုံတင်ထားတယ်လေ။
ပျော်လို့ ရွှင်လို့ ဖြစ်နေတာများ မနာလိုချင်စရာ။
ပြီးတော့ပရိတ်သတ်တွေက သူတို့ကိုချစ်ကြတယ်။
တစ်သက်လုံးလက်တွဲသွားနိုင်ဖို့တောင်းဆုတွေ၊
မြန်မြန်လက်ထပ်ကြဖို့ပြောတဲ့တိုက်တွန်းစာတွေ၊
လိုက်ဖက်လိုက်ကြတာဆိုတဲ့ အားပေးမှုတွေကို
မြင်ရတာ ဒီအတောအတွင်း fern ကလူပိုဖြစ်
နေသယောင်။ fernကသာ အတိတ်တွေထဲ
ပိတ်မိကျန်နေခဲ့တဲ့ တစ်ဦးတည်းသောသူဖြစ်မယ်
ထင်ပါရဲ့။ ဓာတ်ပုံထဲမယ် အဲ့အမျိုးသမီးက
အဲ့ယောက်ျားကိုကြည့်တဲ့အကြည့်တွေဟာမျက်လုံးထဲကကို မထွက်။ ရင်နာလိုက်တာ...။
တစ်ပုလင်းကုန်တော့လည်းနောက်တစ်ပုလင်းပေါ့။

"Pay!! အစ်မကိုနောက်တစ်ပုလင်းချပေးပါဦး"

Pay ဆိုတာဒီbarအလုပ်လုပ်နေတာ ကြာပြီဖြစ်တဲ့
ဝိတ်တာကောင်လေး။ ဒါပေမဲ့ Pay နဲ့ ဒီbar
မရောက်ခင်ကတည်းက သိနေကြတဲ့ အသိတွေ
ဖြစ်သည်။ Pay ကို သိတာလည်းအဲ့အမျိုးသမီး
မိတ်ဆက်ပေးလို့ပါပဲ။ တွေးကြည့်လိုက်မှ
ပတ်ဝန်းကျင်က ဒီအမျိုးသမီးနဲ့လွတ်ကင်းတဲ့
နေရာမရှိတော့ဘူးများလား။

Us AgainWhere stories live. Discover now