အစ်ကို့အတွက်

321 8 0
                                    

အကိုနဲ့ဆုံတွေ့ဖို့ ကံကြမ္မာ သတ်‌မှတ်ပေးလိုက်တဲ့ နေရာလေးက တက္ကသိုလ်မြေ...တဲ့။ အကိုဆိုတဲ့လူတစ်ယောက် ဘဝထဲကိုစိုးမိုးဖို့ရောက်လာခဲ့တဲ့နေ့ ကျောင်းဘောလုံးပွဲနေ့။ ဘောလုံးအကင်္ျီ အဖြူလေးက အကို့အသားအရည် ဖြူဖြူ လေးနဲ့ လိုက်ဖက်လွန်းတယ်။ ညီမလေ လူတွေအများကြီးထဲကမှ အကို့ကိုပဲ ကြည့်နေမိတယ်။ သူများတွေကိုယ့်အသင်းနိုင်ဖို့ အားပေးနေကြချိန် ညီမ‌ကတော့ ပြိုင်ဖက်အသင်းဖြစ်တဲ့ အကိုတို့ကို အနိုင်ရဖို့ဆုတောင်းနေမိတယ်။ နောက်နေ့တွေလဲ အကို့ကိုမြင်ချင်သေးလို့လေ။ ဒါပေမဲ့ ညီမဆုတောင်းမပြည့်ခဲ့ပါဘူး။အကိုတို့အသင်းရှုံးပြီး နောက်နေ့တွေ့မှာ ဆက်ကစားခွင့်မရခဲ့ဘူး။ အကို့မျက်နှ‌ာလေး ညိုးသွားတာ ညီမမြင်တယ်။ အကို့အတွက် စိတ်မကောင်းရုံကလွဲပြီး မတက်နိုင်ခဲ့ဘူးအကို။

နောက်နေ့တွေမှာ သူငယ်ချင်းတွေအကူအညီနဲ့ အကို့အကြောင်းစုံစမ်းခဲ့တယ်။ အဲဒီမှာသိခွင့်ရလိုက်တာက အကို့မှာပိုင်ရှင်ရှိတယ်တဲ့။ အကိုတို့က သိပ်ချစ်ကြတာတဲ့လေ။ လိုင်းပေါ်မှာ အကို့တို့စုံတွဲပုံမြင်တိုင်း မျက်ရည်ကျရုံကလွဲပြီးမတက်နိုင်ခဲ့ဘူးအကို။ တစ်ခါတစ်လေတော့လဲ ပျော်ရပါတယ် chat box မှာ အကိုစကားချိုချိုလေးတွေပြောရင်။

ရုန်းလေ နစ်လေ ပါပဲအကို‌ရယ်...။
ပိုင်ရှင်ရှိတဲ့ လူတစ်ယောက်ကိုမှသံယောဇဉ်တွယ်မိတယ်။


တကယ့်ကိုအရူးတစ်ပိုင်းပါပဲ။ ဘယ်လောက်တောင်ရူးသလဲဆိုရင်

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

တကယ့်ကိုအရူးတစ်ပိုင်းပါပဲ။
ဘယ်လောက်တောင်ရူးသလဲဆိုရင်.. ညီမတင်တဲ့ပိုစ့်မှာ အကိုပေးထားတဲ့ reactလေးတွေ၊ အကို‌ပြောတဲ့ ဆုံးမစကားလေးတွေ အားပေးစကားလေးတွေကို ဖုန်းထဲမှာ screen shotရိုက်ပြီးသိမ်းထားခဲ့သေးတာ။

တစ်ခါတစ်လေတော့လဲ ဝမ်းနည်းမိတယ် အကို့ဆီက ဝတ်ကျေတန်းကျေ replyတွေကြောင့်။ ညီမ အကို့ကို ကပ်တွယ်နေတာ အကိုမကြိုကဘူးထင်ပါရဲ့....။
အားနာလို့ ပြန်ပေးနေရတဲ့ replyတွေကိုရင်မဆိုင်ရဲလို့ စကားလာမပြောတော့ပါဘူးအကို။ စကားမပြောဖြစ်တာကြာပေမဲ့ ညီမရင်ထဲမှာအကိုရှိနေဆဲပါ။ အကိုကတော့ နေနိုင်လွန်းလှပါတယ်။ အကို့ကိုကပ်တွယ်နေတဲ့ ဒီအရှုပ်ထုပ်လေးကို နဲနဲလေးမှမလွမ်းဘူးထင်ပါရဲ့..။

စာမေးပွဲတွေထဲကမှ နောက်ဆုံးဖြေရမဲ့ ဒီစာမေးပွဲကြီးကိုမုန်းမိတယ်။ ဒီစာမေးပွဲပြီးရင် အကိုကညီမကိုခွဲသွားတော့မှာလေ။ အကို့မျက်နှာလေးကိုမြင်ရမဲ့ နောက်ဆုံးနေ့။ ညီမအတွက်တော့ကမ္ဘာတခြမ်းပဲ့သလိုပါပဲ။နောက်နှစ်ဆိုရင် ညီမသိပ်ချစ်တဲ့အကိုကို ခန့်ညားတဲ့ဘွဲ့ဝတ်စုံနဲ့...

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

စာမေးပွဲတွေထဲကမှ နောက်ဆုံးဖြေရမဲ့ ဒီစာမေးပွဲကြီးကိုမုန်းမိတယ်။ ဒီစာမေးပွဲပြီးရင် အကိုကညီမကိုခွဲသွားတော့မှာလေ။ အကို့မျက်နှာလေးကိုမြင်ရမဲ့ နောက်ဆုံးနေ့။ ညီမအတွက်တော့ကမ္ဘာတခြမ်းပဲ့သလိုပါပဲ။
နောက်နှစ်ဆိုရင် ညီမသိပ်ချစ်တဲ့အကိုကို ခန့်ညားတဲ့ဘွဲ့ဝတ်စုံနဲ့တွေ့ရတော့မှာလေ...အကိုသိပ်ချစ်တဲ့ အမကြီးရဲ့ဘေးမှာပေါ့။

နှစ်တွေ ဘယ်လောက်ပဲကြာသွားပါစေ ညီမကတော့ အကို့ကို မေ့နိုင်မယ်မထင်ပါဘူး။ ဆယ်‌ေ‌ကျာ်သက်ဘဝရဲ့ ရင်ခုန်သံတွေကို စတင်ပေးခဲ့တဲ့သူမို့ပါအကို။အကို့မျက်နှာလေးမမြင်ရရင်၊ အကို့နဲ့စကားတွေမပြောရရင်တောင် သတိရနေအုံးမှာပါ။

အကိုကပန်းလေးတစ်ပွင့်ပါ။ ညီမခူးခွင့်မရှိတဲ့ပန်းလေးပေါ့။ ညီမ မပိုင်ဆိုင်ရတဲ့ပန်းလေးကို အဝေးကကြည့်နေရရုံပဲကျေနပ်ပါတယ် အကိုရယ်။ အကိုချစ်တဲ့သူနဲ့ပျော်ပါစေတော့။

အခွင့်အရေးဆိုတာရှိလာခဲ့ရင် ညီမ အကို့ကို ဘယ်လောက်ချစ်ခဲ့တယ်ဆိုတာပြောပြချင်ပါသေးရဲ့.......။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Sep 28, 2020 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

အစ်ကို့အတွက်Tempat cerita menjadi hidup. Temukan sekarang