အပိုင်း၄၁

3.3K 391 27
                                    

   "ဒါဆို အံ့မဟော်မှာ Schizophrenia (စိတ်ကစဥ့်ကလျားရောဂါ) ဖြစ်နေတာတော့ မဟုတ်လောက်ပါဘူးနော်"

    လင်းသန့်မောင်၏ စကားအဆုံးတွင် ထွဋ်ခေါင်သည် ဘောပင်အား လှည့်နေခြင်းအား ရပ်လိုက်ကာ စားပွဲပေါ်တွင် ချထားလိုက်သည်။ သူ၏ မျက်ဝန်းများသည် လေးနက်ခြင်းအသွင်ကို ဆောင်လိုက်ပြီး...

    "Schizophrenia ဆိုတာက အပြင်းစားစိတ်ရောဂါပဲ၊ အဓိပ္ပါယ်ကိုက... Schizoဆိုတာ အစိတ်အစိတ်အမွှာမွှာကွဲခြင်း (split) နဲ့ phreniaက  စိတ် (mind) ဆိုပြီး ပေါင်းစပ်ထားတာ"

    "ဒါပေမဲ့ သူ့ပုံစံက အဲ့လိုမျိုး သွားတူနေတယ်၊ အသိစိတ်လွတ်ပြီး သူ့မျက်လုံးကို သူ ဓားနဲ့ပြန်ထိုးမလို့ လုပ်နေတာ၊ ငါအချိန်မီ ရောက်သွားခဲ့လို့ လက်မတင်လေးတင် ကယ်လိုက်နိုင်တာ"

    လင်းသန့်ပြောလိုက်တော့ ထွဋ်ခေါင် အတွေးများသွားရသည်။

    "စိတ်နဲ့ဆိုင်တဲ့ ရောဂါဆိုတာမျိုးက လွယ်လွယ်ကူကူ ကောက်ချက်ချလို့ ရတာမဟုတ်ဘူး လင်းသန့်ရ... Schizophrenia ဆိုတာက အသိစိတ်မရှိတော့အောင်ကို သွက်သွက်ခါ ရူးသွားကြတာမျိုး၊ ခန္ဓာကိုယ်မှာ ရှိတဲ့ နိုက်ထရိုဂျင်ဓာတ် ဖောက်လွဲဖောက်ပြန်ဖြစ်လို့ Schizophrenia ရောဂါဖြစ်ရတာ၊ နိုက်ထရိုဂျင်ဓာတ် အတက်အကျကိုလိုက်ပြီး ရောဂါအတက်အကျ ဖြစ်ရတယ်၊ နိုက်ထရိုဂျင်ဓာတ်ကို လျှော့ပေးရင် လူနာမှာ ရောဂါသက်သာတယ်၊ ငါ့အထင် အဲ့အချိန်မှာ အံ့မဟော်ရဲ့ကိုယ်တွင်းမှာ နိုက်ထရိုဂျင်ဓာတ် မြင့်နေတာနေမယ်၊ ခဏတာ စိတ်လွတ်သွားတာကို Schizophrenia လို့လည်း တပ်အပ်မပြောနိုင်သေးဘူးကွ"

    "နောက်ပြီး သူက အသံတွေ ကြားရတယ်လို့လည်း ပြောတယ်၊ ခေါင်းကိုရိုက်တယ်၊ ဆံပင်တွေကို ဆွဲဆုပ်တယ်၊ အော်တယ်၊ အဲ့တာတွေက ပုံမှန်အခြေအနေတော့ မဟုတ်ဘူးမလား"

    "အင်း...."

    ထွဋ်ခေါင်က အင်းဟု သံရှည်လိုက်ကာ တစ်စုံတစ်ခုကို စဉ်းစားပြီးမှ

    "Hallucination လို့ခေါ်တယ်၊ ထင်ယောင်ထင်မှားဖြစ်ခြင်းပေါ့၊ မရှိတာကို အရှိထင်တယ်၊ အသံတွေကြားရတယ်၊ တချို့ကျ အနံ့ရတယ်၊ တချို့ကျ ပုံရိပ်ယောင်တွေကို မြင်ရတယ်၊ ဘာပဲပြောပြော ဒီလိုဖြစ်တယ်ဆိုတာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး၊ သူ့မိသားစုကိုဖြစ်ဖြစ် သူ့ကိုယ်တိုင်ကိုပဲဖြစ်ဖြစ် အသိပေးပြီး ဆရာဝန်တစ်ယောက်ယောက်နဲ့ ပြကြည့်ဖို့ မင်းအကြံပေးသင့်တယ်"

ရင်ကွဲငှက်ငယ်Where stories live. Discover now