💙 To Good fortune 💙

73 5 0
                                    

💙ကံကောင်းခြင်းဆီသို့ <or> To Good Fortune💙

ကျွန်မရဲ့ အသက်၂၀နှစ်ပြည့်မွေးနေ့မှာ ကျွန်မကို လူတိုင်းပြောကြတဲ့ စကားတစ်ခွန်း ရှိတယ်။ အဲ့တာက ကျွန်မဟာ ဒီကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် တဲ့လေ။ မေဘရဏီဆိုတဲ့ ကျွန်မဟာ သူတို့ မြင်တွေ့နေကြ ဘဝမှာ ကျွန်မလောက် ကံအကောင်းဆုံးဘဝကို ပိုင်ဆိုင်ထားသူ မရှိလို့ဘဲပေါ့။ သူတို့ တင်စားလေ့ ရှိတာကတော့ ကျွန်မရဲ့အလှဟာ နတ်သက်ကြွေလာတဲ့ နတ်သမီးလေး တစ်ယောက်အလားတဲ့လေ။ ကျွန်မရဲ့ စိတ်ထားလေးဟာလည်း ပိုးသားလေးလို နူးညံတယ်တဲ့။ ကျွန်မရဲ့ ဆံကေသာဟာ ပိတုန်းနက်ရောင် တောက်ပနေကာ နှုတ်ခမ်းလေးဟာလည်း ဆေးကူစရာမလိုဘဲ အရည်ရွှမ်းနေတဲ့ ပန်းနုရောင်သစ်သီးလေး တစ်လုံးလိုဘဲတဲ့လေ။ သမင်ပျိုမလေးတစ်ကောင်လို စူးရှတဲ့ မျက်ဝန်းတစ်စုံနဲ့ နူးညံသိမ်မွေ့နေတဲ့ သူလို့ တင်စားကြပြန်တယ်။

အို...... သူတို့ဘယ်လိုတင်စား တင်စား ဘရဏီကတော့ စိတ်ထားကောင်းပြီး နူးညံသိမ်မွေ့တဲ့ သူတစ်ယောက် ဖြစ်အောင် သနားကြင်နာတတ်တဲ့ မိန်းကလေး တစ်ယောက် ဖြစ်ဖို့ဘဲ အမြဲဆုတောင်းတယ်။

' ဘရဏီ '

'အိုး......အရမ်းလှတာဘဲ'

'ဆွမ်းဆန်စိမ်းလောင်းပွဲသွားအောင်လေ သက်သက်'

'ဘရဏီ မင်းအလှက မြင်သူတစ်ကာကို အံသြမှင်သက်စေတာဘဲ မိန်းကလေး ချင်းတောင် လည်ပြန်ငေးရ တယ်ကွာ'

'အရမ်းမမြှောက်ပါနဲ့ သက်သက်ရယ်'

'သွားရအောင်ကွယ်'

'ဟက် အဲ့တာ ဟိုဘက်ရွာက အလှနတ်သမီးမလား ကွမ်းတောင်ကိုင် ပန်းတောင် ကိုင် အလှမယ်လေးမလာ:

'ဟုတ်တယ်လေ သူမက သိပ်လှတာ ပြီးတော့ သူကြီးသမီးလေ သူမအလှက သိပ်ကျော်စောတယ် ပြီးတော့ စိတ်ထားကလည်း သိပ်ကောင်းတာ အလှူအတန်း ရက်ရောချက်ကတော့ အံသြလောက်တယ်'

'တကယ်လား သူမဘဝက ရွှေဘုံ‌ပေါ်က မင်းသမီးလေးတစ်ပါးပေါ့နော်'

'ဒါပေါ့ ဒီနေ့က သူမမွေးနေ့လေ တစ်ရွာလုံးကို စတုဒီသာကျွေးတယ်ပြီးတော့ ဆွမ်းဆန်စိမ်းလောင်းပွဲမှာ သူမက အများဆုံးလောင်းတဲ့သူလေ သူမကံလေး နည်းနည်းလောက် ငါရရင်သိပ်ကောင်းမှာဘဲ'

You've reached the end of published parts.

⏰ Last updated: Apr 08 ⏰

Add this story to your Library to get notified about new parts!

ကံကောင်းခြင်းဆီသို့&lt;or&gt; To Good Fortune Where stories live. Discover now