Prologue

4.3K 208 0
                                    

[Zawgyi]

ကျွန်တော်တို့ဟာ ဘဝရဲ့လမ်းကိုလျှောက်ရင်း လူပေါင်းများစွာကို ဝင်တိုက်မိကြတယ်။ တစ်ချို့ဟာ ကျွန်တော်တို့ရဲ့ ချစ်မြတ်နိုးရတဲ့လူသားတွေ ဖြစ်လာကြတယ်။ လမ်းလျှောက်နေရုံနဲ့လည်း မပြီးသေး ဝင်တိုက်နေရုံနဲ့လည်း မပြီးသေးပါဘူး။ ကျွန်တော်တို့ရဲ့ ဝိဉာဉ်တစ်ခြမ်းကိုလည်း လိုက်ရှာကြရပါသေးတယ်။ ဒါကို ဝိဉာဉ်ဖက်လို့ခေါ်တယ်...

ကျွန်တော့်ဘဝမှာ လူပေါင်းများစွာနဲ့ ထိတွေ့ဖူးပြီးသွားပြီ။ ကျွန်တော့်ဘဝထဲကို ဝင်လာပြီးခါမှ ပြန်ထွက်သွားကြတဲ့ လူပေါင်းများစွာပေါ့။ ကြုံရပါများလာတော့ ကျွန်တော်ဟာ ပေတေလေလွင့်သူတစ်ယောက်ဖြစ်လာတယ်။ အင်း...တစ်စုံတစ်ဦးနဲ့ မကြုံရသေးခင်ပေါ့...
         xxxxxxx Wildest Dream xxxxxxx

"အဲ့ဒီ ဝမ်ရိပေါ်ကလား? သူ့အိမ်ကတောင် မနိုင်လို့ ဒီတိုင်လွှတ်ထားတာလေ။ အပေအတေကောင်ပါကွာ"

"ဟေ့ကောင် တိုးတိုးပြောပါကွ ကြားသွားလို့ ပြဿနာလာရှာနေဦးမယ်"

"ရှာရှာပေါ့ အဲ့လိုကောင်ကို ကြောက်နေစရာကိုမလိုတာ"

အော် လူတွေ လူတွေ...သူများအကြောင်းလည်း လျှောက်ပြောသေးတယ် ကြောက်လည်းမကြောက်တတ်ကြတဲ့ လူတွေ...

ဒါဟာ လူ့သဘာဝပါပဲ။ ဒီသဘာဝတရားကြီးကို ဘယ်လိုသူစပြီး တီထွင်ခဲ့လည်းတော့ မပြောတတ်ပေမယ့် အခုအချိန်မှာ ဒါဟာ လူတွေရဲ့ သဘာဝကြီးဖြစ်နေပြီးပြီ။ ဒီသဘာဝကြီးကို စတင်အသုံးပြုခဲ့တဲ့သူကိုသာ သိခဲ့မယ်ဆိုရင် သွားပြောပြချင်မိပါသေးရဲ့ ဘာလို့များ တခြားသူတွေမကောင်းကြာင်းပြောမယ့်အစား ကိုယ့်မကောင်းကြောင်းကိုယ် မပြောခဲ့ရတာလဲလို့...

ကျွန်တော်က ခေါင်းငုံ့ငြိမ်ခံတတ်တဲ့သူလို့များ ထင်နေကြလေသလား? သူတို့ခေါ်တဲ့ အပေအတေဆိုတဲ့ နာမည်နဲ့တူလေအောင်တော့ လုပ်ပြရမယ်မဟုတ်လား။ ဒါမှ အခေါ်ခံရကျိုးနပ်မယ်လေ။

ဒုန်း*

စားပွဲပေါ်ကို တက်ထိုင်လိုက်တာကြောင့် ခုနက သူ့အကြောင်းပြောနေတဲ့ကောင်က တုန်တောင်တုန်တက်သွားလေရဲ့။ ဟက်* သတ္တိဖြင့်မရှိပဲ လေကျယ်ချင်နေတယ်။

𝑊𝑖𝑙𝑑𝑒𝑠𝑡 𝐷𝑟𝑒𝑎𝑚  [𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴𝙳]Where stories live. Discover now