1

1K 166 22
                                    

Unicode

Zawgyi

** JRT (Justice,Responsibility & Truth)
မှုခင်းဆိုင်ရာ​အထူးစုံစမ်း​ရေးအဖွဲ့ **

" ဋ္ဌာနမှူးက အကုန်​လုံး အစည်းအေ​ဝးအခန်းထဲလာခဲ့ဖို့​ပြောလိုက်​ပါတယ်​"

ဝန်​ထမ်း​ကောင်​လေး တစ်​ယောက်​က​
အာ​ဘောင်​အာရင်း သန်​သန်​နဲ့ ရုံးခန်း​ထဲကို
အမှာ​တော်​ပါးလာ​တော့ ချန်း​ယောလ်
တစ်​ချက်​သာ လှည့်​ကြည့်​ပြီး ညည်းတွားလိုက်​သည်​။

" အလုပ်​ရှုပ်​ပြီဆို​ခေါ်ပြီ "

ချန်း​ယောလ်​ဘေးနားမှာ ထိုင်​ပြီး Computerက​နေ Info ရှာ​နေတဲ့​ကောင်​မ​လေးက​ခေါင်း​လေး​မော့လာသည်​။

" အဖွဲ့မှူး.....ပြီးမှ ဆက်​ရှာရ​အောင်​လေ၊
ဋ္ဌာနမှူး​ခေါ်​နေတယ်​တဲ့ "

ရုံးခန်း​ထဲက လူ​တွေ တစ်​စ တစ်​စနဲ့
ထွက်​သွား​သော်​လဲ ချန်း​ယောလ်​ဟာ
တုတ်​တုတ်​မျှမလုပ်​သလို အ​ရှေ့က​နည်းပညာဆိုင်ရာတာဝန်ယူထားတဲ့ Somiဆိုတဲ့​
​ကောင်​မ​လေးကိုလဲ​အသွားမခံ။

" ငါရှာခိုင်းတာသာ ရ​အောင်​ရှာစမ်းပါ "

လက်​ထဲက စာရွက်​စာတမ်း​တွေကို​
ကွန်​ပြူတာနားက​နေရာလွတ်​ပေါ်
အသံမြည်​အောင်​ဆောင့်​ချလိုက်​တော့​
Somi ခမျာ ဇက်​က​လေးပုသွား
ပြီး တ​တောက်​တောက်​မြည်​အောင်​Typing
ရိုက်​နေရပြန်​သည်​။

" အသက်​က 32 နှစ်​၊
နာမည်​က လီထယ်​မင်း၊
Delivery ပို့တဲ့အလုပ်​လုပ်​တယ်​....
ကျန်​တာ​တော့ ရှာမရဘူး အဖွဲ့မှူး "

ရှာ​တွေ့တဲ့ info တစ်​ချို့ကို ရွတ်​ပြ​လိုက်​တော့
ချန်း​ယောလ်​က​ခေါင်း​စောင်းပြီး ကွန်​ပြူတာနားကို အတင်းတိုးကြည့်​လာသည်​။

" အဲ့ဒါဆို ပြီးရင်​သူ့ပုံ​တွေအကုန်​A4 Size နဲ့ print ထုတ်​လိုက်​"

" သူက တရားခံလား အဖွဲ့မှူး "

" တရားခံအဖြစ်​လျာထားရုံပါပဲ၊
မ​သေချာ​သေးဘူး "

ကွန်​ပြူတာကို ကုန်း​ကြည့်​နေရာက​နေ
မတ်​မတ်ပြ​န်​ရပ်​လိုက်​ပြီး ရုံးခန်းတစ်​ခုလုံး​ကို
​ဝေ့ကြည့်​လိုက်​တော့ တစ်​ယောက်​မှ
ရှိမ​နေ​တော့။
အကုန်​အစည်းအေ​ဝး အခန်းထဲရောက်​သွား
ကြပြီ ထင်တယ်​။

You've reached the end of published parts.

⏰ Last updated: Nov 27, 2020 ⏰

Add this story to your Library to get notified about new parts!

[ 𝐁𝐢𝐠 𝐂𝐡𝐚𝐧𝐜𝐞 ]Where stories live. Discover now