အပိုင်း၄၉

3.1K 420 55
                                    

   "ငယ်ငယ်နဲ့အတူ လိုက်နေပါလား သားသားရယ်... ဟင်"

    "ဟင့်အင်း ငယ်ငယ်"

    "ဘာဖြစ်လို့လဲ... ငယ်ငယ့်ကို သားသားက မချစ်ဘူးလား... ငယ်ငယ်နဲ့အတူ မနေချင်ဘူးလား"

    ငယ်ငယ့်ရဲ့ မျှော်တလင့်လင့် မျက်ဝန်းတွေကို သူ ကြည့်လိုက်မိသည်။ 

    "ချစ်တာ မချစ်တာက အကြောင်းပြချက် မဟုတ်ပါဘူး... ငယ်ငယ်လည်း သိတဲ့အတိုင်း အံ့မဟော်က ဘယ်သူနဲ့ကံစပ်ဖူးလို့လဲ"

    သူရဲ့ ခပ်ပေါ့ပေါ့ အပြောနောက်မှာ ငယ်ငယ့်မျက်နှာက ညိုကျသွားသည်။ ထိုအခြင်းအရာကို မြင်သော်လည်း သူသည် လစ်လျူရှု့လိုက်ပြီး...

    "နောက်ဆံတင်းမနေပါနဲ့... သားက အခု ကလေးလေးမှ မဟုတ်တော့ဘဲ၊ တစ်ချိန်လုံး သူများတွေအတွက်ပဲ ကြည့်နေရတာ ပျင်းစရာကြီး ငယ်ငယ်ရယ်"

    "ငယ်ငယ့်မှာ ကြည့်စရာဆိုလို့ သားသားတစ်ယောက်ပဲ ရှိတာလေ၊ သားသားပဲ ပြောခဲ့တယ်မလား... ငယ်ငယ်တို့က မိသားစုတွေလို့"

    "မိသားစုဆိုတိုင်း တစ်အိုးတစ်အိမ်တည်း အတူနေရစမြဲမှမဟုတ်တာ"

    "..........."

    "တစ်ယောက်နွေးထွေးမှုတွေ တစ်ယောက်သတိရနေသ၍ ဘယ်နေရာရောက်ရောက် မိသားစုဆိုတဲ့ စကားလုံးလေးက အသက်ဝင်နေမှာပဲလေ"

    သူ့စကားကြောင့် ငယ်ငယ်က စိတ်လျှော့ဟန်ဖြင့် သက်ပြင်းချသည်။ ပြီးနောက် နောက်တစ်မျိုး နားချပြန်၏။

    "ဒါဆို မမတို့နဲ့ အတူပြန်နေပါ့လား သားသား... ဘယ်လိုပဲပြောပြော သားသားတစ်ယောက်တည်းတော့ ငယ်ငယ်စိတ်မချနိုင်ဘူး"

    "သား ဘယ်သူ့ကိုမှ မှီခိုချင်စိတ်မရှိဘူး ငယ်ငယ်၊ ကလေးမဟုတ်တော့ဘူးလို့ ပြောပြီးပြီလေ"

    သူ စိတ်မရှည်သလို ပြောလိုက်သော်လည်း ငယ်ငယ်က အထွန့်တက်ပြန်၏။

    "ငယ်ငယ့်မျက်လုံးထဲမှာတော့ သားသားက ကလေးပဲလေ... ဒီနည်းကိုလည်း သားသားက လက်မခံဘူးဆိုရင် မင်္ဂလာပွဲကိုပဲ ငယ်ငယ်ဖျက်ရလိမ့်မယ်"

ရင်ကွဲငှက်ငယ်Where stories live. Discover now