အပိုင်း၅၁

3.3K 433 84
                                    

   ဂိမ်းဆော့နေတုန်း အခန်းထဲကို ဝင်လာတဲ့ မာမီ။

    ဂိမ်းထဲ ဈာန်ဝင်နေတာမို့ မာမီ အိမ်ရောက်လို့ရောက်လာမှန်းတောင် သူ မသိလိုက်။

    တစ်ချက်လှည့်ကြည့်ပြီး ဂိမ်းပြန်ဆော့လိုက်သည်။ သူ့ဆီကို လှမ်းလာတဲ့ မာမီ့ခြေသံပြင်းပြင်းကို တစ်ဆက်တည်း ကြားရသည်။ ခံစားချက်ကတော့ ထုံးစံအတိုင်း ကောင်းမနေ။

    စားပွဲပေါ်ကို ဘုတ်ခနဲ ဝဲကျလာတဲ့ အထုတ်တစ်ထုတ်။

    "ဒါ ဘာတွေလဲ မဟော်"

    မရှေးမနှောင်း ကြားရတဲ့ မာမီ့ရဲ့လေသံ ခပ်ထန်ထန်။ ဘာတွေ လာငြိဦးမလို့လဲမသိ။

    ဘေးမှာ ရပ်နေတဲ့ မာမီ့မျက်နှာကို တစ်ချက်မော့ကြည့်ပြီး မာမီအမေးရှိတဲ့ ပစ္စည်းကို သူ ယူကြည့်လိုက်သည်။ အရင်တစ်ခါ ကျူးရင့်သာ ပြဖူးတဲ့ ဓာတ်ပုံတွေက သူ့မျက်မှောက်သို့ လက်လွှဲကာ ထပ်မံရောက်ရှိလို့လာပြန်၏။

    PC ကို ပိတ်လိုက်ပြီး ခပ်တိုးတိုး စုတ်သပ်လိုက်မိသည်။

    "မဟော်... မင်း ထစမ်း၊ ဒီကိစ္စကို ရှင်းပြစမ်း"

    "ဘာကိုရှင်းပြရမှာလဲ... မာမီက ဘယ်လိုအဖြေကို လိုချင်လို့လဲ"

    မာမီက မထင်မှတ်ထားတဲ့ သူ့တုန့်ပြန်ပုံကို မြင်တော့ တစ်ခဏမျှ အသံတိတ်သွားသည်။

    "မင်းရူးနေလား ဟမ်... ရူးနေလား၊ မင်းမှာ ဖြစ်သင့် မဖြစ်သင့် ဆင်ခြင်တတ်တဲ့ ဦးနှောက်မပါဘူးလား၊ ဒါမှမဟုတ် မင်း မာမီ့ကို ရှက်ပြီး သေစေချင်နေတာလား၊ လူပုံအလယ်မှာ သားဖြစ်သူက ယောင်္ကျားချင်းကြိုက်နေတဲ့ ဂေးတစ်ယောက်လို့ အများလက်ညှိုးထိုး ခံစေချင်တာလား၊ နောက်ပြီး တခြားလူနဲ့လည်း မဟုတ်ဘူး၊ ကိုယ့်အစ်မရဲ့ချစ်သူနဲ့၊ ဘယ်လောက်ရှက်ဖို့ကောင်းလိုက်သလဲ၊ ငါရှက်လိုက်တာ မဟော်ရယ်... မင်းကို လွှတ်ထားတာ အခုလိုမျိုး ငါ့မျက်နှာကို အိုးမဲသုတ်ခံရဖို့မဟုတ်ဘူး"

    ဈေးထဲရှိ ရောင်းသူနှင့်ဝယ်သူ ငြင်းခုန်ရန်ဖြစ်နေသလိုမျိုး မာမီက သူ့အား တရစပ်ပြောချသွားသည်။ မာမီ့မေးခွန်းတိုင်းဟာ သူမဆိုးကျိုးအတွက် ကြိုတင်တုန်လှုပ်နေခြင်းသာ။ မာမီ ပီသလိုက်ပါဘိ။

ရင်ကွဲငှက်ငယ်Where stories live. Discover now