1

14.4K 478 14
                                    


#Unicode

ချစ်သံယောဇဉ်တွယ်ရာလေး



___

ရှောင်းကျန့်သည်နာမည်တစ်လုံးတည်းနဲ့နေလာတာ နာမည်ပျက်မရှိ၊လူပျိုကြီး ကမ္ဘာ့ Top ten စရင်း၀င်သူဌေးတစ်ယောက်ဖြစ်၏။
အသက်၂၀နှစ်အရွယ်ကတည်းက စီးပွားရေးလောကထဲသို့ဝင်လာခဲ့ခြင်း။

လူသားစက်ရုပ်ကဲ့သို့ သူ့ရဲ့နေ့စဉ်အချိန်တိုင်းကိုဖျတ်သန်းလေ့ရှိသည်။

ဘယ်သူကထင်မှာလဲသူ့မှာလဲအရင်ကတိတ်တခိုးချစ်ရတဲ့သူရှိခဲ့တယ်ဆိုတာ.......။



______


လူလတ်တန်းစားတို့၏စုဝေးနေထိုင်ရာဖြစ်သည့်
ရှန်းလိုင်ရပ်ကွက်ရှိ တိုက်ခန်းတစ်ခန်းတွင်း..။

"အားရွမ်း ထတော့ "

" အွန်း...."

အွန်းလို့သာဆိုတယ်.. အိပ်ရာပုံထဲမှ မထသေးသောဟောက်ရွမ်း။

15 Mins Later..


" ဟောက်ရွမ်း  ထပါတော့ဆို မထဘူး ပီးရင် အပြစ်တင်သံက လာဦးမယ် မနှိုးဘူးဘာညာနဲ့  ထ အခုချက်ချင်း ထ လိုက်တော့ ခွေးကောင်"

အင်း..ရိပေါ်တစ်ယောက် စိတ်ညစ်နေပါပြီ။

ယနေ့မှ နှိုးလားဆိုမဟုတ်ပါဘူး နေ့တိုင်းနှိုးနေရသည့်အဖြစ်။

တစ်ခါတစ်လေ ဟောက်ရွှမ်းကို အိပ်ယာနှိုးရမှာထက် ကျားပါးစပ်ထဲသာခေါင်းဝင်လိုက်ချင်တယ်**

" ၀မ်ဟောက်ရွမ်း"

"အားးးး သေပါပြီ အားဝမ်ရယ် မင်းငြင်ငြင်သာသာနှိုးစမ်းပါကွာ "

ရိပေါ်တစ်ယောက် နောက်ဆုံး အိပ်ယာနှိုးနည်းဖြစ်သည့် စောင်ကိုဆွဲချ ကုတင်ပေါ်ကကန်ချခြင်းနည်းကိုအသုံးပြုလိုက်လေသည်။

"မင်းကလူလိုနှိုးရင်ရလို့လား "

"အာ..တော်တော်အိပ်မိသွားတာပဲ ..

ဟင် ၇နာရီထိုး အားဝမ် မင်းငါ့ ကိုအစောကြီးဘာလို့မနှိုးတာလဲ!!!"

"မင်းကိုနှိုးသားပဲ မင်းဖာသာမင်း အသေကောင်လိုအိပ်နေပြီး"

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now