2

5.6K 378 2
                                    

#Unicode


လမ်းအတိုင်းတငြိမ့်ငြိမ့်နှင့် မောင်းနှင်လာသော ကားလေးသည် နောက်ဆုံးတော့ အဆောက်အဦးတစ်ခုအတွင်းတွင်ထိုးရပ်လိုက်လေပြီဖြစ်သည်..။

"ကဲ ရောက်ပြီထင်တယ် ဆင်းကြမယ် ကိုယ့်ပုံးတွေကိုယ့်ဖာသာယူ တစ်ခုမှမကျန်စေနဲ့ နောက်မှကျန်တယ် ဘာညာမလုပ်ကြနဲ့သေသေချာချာ ကျန်မကျန်ကြည့်ပြီးမှ ဆင်းလာကြ "

မမသည် တစ်ဖွဲ့လုံးတွင် အသက်လည်းကြီး သလို ရာထူးလည်းပိုကြီးတဲ့သူမို့ အားလုံးက ချစ်ကြောက်ရိုသေကြသည်။

လမ်းအတိုင်းလျောက်လာတာ အတွင်းဘက်သို့ဝင်လာတော့ အရပ် ခပ်ရှည်ရှည် စမတ်ကျကျ အစ်ကိုတစ်ယောက်သည် ရပ်ကာကြည့်နေသည်။

"ရုံးခွဲ ကလာကြတဲ့သူတွေထင်တယ် လာလိုက်ခဲ့ နေရမဲ့နေရာကို လိုက်ပြမယ်"

* ရုပ်တည်တည်နဲ့ မျက်နှာသေကြီးနဲ့ တလောကလုံးသူ့လုပ်စာထိုင်စားနေတာကြနေတာပဲ ရုပ်ကိုက အချိုးမပြေဘူး*

၀မ်ချောင်တစ်ယောက် သူတို့အားလာကြိုစောင့်နေပုံရတဲ့လူအားမျက်မှောင်ကျုံ လျက်ဘုကြည့်ကြည့်ကာ ခေါ်ဆောင်ရာသို့ လိုက်လာခဲ့သည်။

စိတ်ထဲတွင်တော့ဘ၀င်မကျလှ..။

"ရောက်ပြီ ဒါမင်းတို့နေရမဲ့အခန်း၊
နေရာက ရာထူးအလိုက်ခွဲပြီးသား သေချာမှတ်ထား ဒီရုံးချုပ်ကအထပ်၁၅ထပ်ရှိတယ်၊
မင်းတို့က ၂ထပ်မြောက်မှာနေရတာ CEOက အပေါ်ဆုံးအထပ်မှာထိုင်တာ ငါက ၀မ်ကျူလျို စီမံခန့်ခွဲရေးမန်နေဂျာ  ၃ထပ်မြောက်မှာ ထိုင်တယ်။
မေးစရာရှိရင် ဟိုဘက်အစွန်မှာထိုင်နေတဲ့ ရှားဟန် ကိုမေး ဒီအထပ်မှာသူက ရာထူးအကြီးဆုံးဘဲ ရှားဟန်.!"

"ဟုတ်ကဲ့ အကိုကျူ လျို"

" လူသစ်တွေကို သေချာဂရုစိုက်ပေးလိုက် ဘာသံညာသံမကြားချင်ဘူး စည်းကမ်းသတ်မှတ်ချက်တွေကို ပြောပြလိုက် နင်လဲသူတို့ကို အာဏာပြနေတာတွေ့ရင် မလွယ်ဘူး နင့်စိတ်ဓာတ်ကို ငါသိတယ် အာဏာပြတာတွေ့တဲ့နေ့ နင်သေပြီမှတ်"

မဲ့ရွဲ့နေသောမျက်နှာနဲ့ ဟုတ်ကဲ့ဟု အသာပြောရင်း ရိပေါ်တို့ဘက်လှည့်ကြည့်လာသည့် မျက်နှာပေါ်မှာ ဖြူဖွေးနေပြီးနှုတ်ခမ်းနီရဲတွတ်နေအောင်ဆိုးထားသောကြောင့် မသိရင် မျောက်မကြီး နှုတ်ခမ်းနီဆိုးထားသလို ငါးယောက်သားမရယ်မိအောင် အသာထိန်းရင်း ပြန်စိုက်ကြည့်ပေးလိုက်ကြသည်။

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now