3

5.1K 348 2
                                    



#Unicode







__



ရိပေါ်ရှိနေသောအထပ်တွင် ရိပေါ်တစ်ယောက်ထဲကျန်ခဲ့တာတော့မဟုတ် လူနှစ်ယောက်သုံးယောက်လောက်တော့ကျန်နေသေးသည် ။

အလှမ်းဝေးနေတာလေးက လွဲလို့ပေါ့

*အာ အားရွှမ်းကိုဖုန်းဆက်ဦးမှ*

''ဝေ အားရွှမ်း´´

'အွန်း အားဝမ်´

''ငါ ဒီနေ့ ပင်မရုံးခွဲ ကိုပြောင်းရတယ် သိလား´´

' ကောင်းတာပေါ့ကွ အဆင်ပြေရဲ့လား ဘယ်သူတွေပါသေးလဲ ´

''အွန်း ပါပါတယ် နောက်မှပြောပြမယ် အခု ငါ ရုံးမှာ အလုပ်တွေမပြီးသေးလို့ အချိန်ပိုဆင်းရမှာ အဲ့ဒါ ညစာ မချက်နဲ့ဦး။
ညရောက်မှ အပြင်မှာတစ်ခုခုသွားစားရအောင် ပြီးတော့ ရုံအောက်မှစောင့်နေ

မင်း ဆာရင် အဆာပြေလေး တစ်ခုခုစားထားပေါ့ ငါ အလုပ်ပြီးခါနီးဆို message ပို့လိုက်မယ် မင်းလာခဲ့ပေါ့´´

'အင်း နေပါဦး မင်းအလုပ်က တစ်ယောက်ထဲနေခဲ့ရတာလား စဆင်းဆင်းချင်း မင်းတစ်ယောက်ထဲ အချိန်ပိုဆင်းရတာလား´

''အင်း အဲ့ဒါကနောက်မှ ပြောပြမယ် အခု ငါ လုပ်စရာတွေရှိသေးလို  ဖုန်းချလိုက်တော့မယ် bye´´

'အင်း အင်း ဖုန်းချလိုက်တော့
bye´

.
.
.

____

ကားကိုမှီလျက် မျက်လုံးမှိတ်ကာ တစ်ခုခုကိုစဉ်းစားနေဟန် CEOသည် မျက်ခုံးများတွန့်ချိုးထားတာတောင် ချောမောမှုများ ပျောက်ပျက်ခြင်းမရှိ ။

ဒီလိုပြီးပြည့်စုံသောလူသားကို လိုချင်သောမိန်ကလေးများဟာလဲ 'ဒု နဲ့ ဒေး'။

ရှယ်ယာရှင်များဟာလည်း သူ့ထက်ငါအပြိုင်ကမ်းလှမ်းနေတာတောင် CEOက အလိမ္မာနည်းသုံးကာငြင်းပယ်နေဆဲ ။

*CEOရဲ့ အသည်းနှလုံးကို လှုပ်ခတ်နိုင်တဲ့လူ ရှိမှရှိသေးရဲ့လားမသိ။

မမွေးသေးတာနေမယ်*

"CEO  ရောက်ပါပြီ"

"အင်း ကျိုးချန် မင်း သွားတော့"

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now