4

4.5K 335 6
                                    

#Unicode




_


မနက် ၅နာရီထနေကြမို့ မျက်လုံးက အလိုလျောက် ပွင့်နေလျက်။

အကျောလျော့ဘာညာလုပ်ပြီး ချက်ဖို့ပြုတ်ဖို့စီစဉ်ရသေးသည်။

ရိပေါ်သည် မိဘမဲ့ဂေဟာမှနေခဲ့သူပီပီ အသက်၁၄/၁၅ရောက်လာသည့်အခါ မိမိ၏အသိစိတ်နှင့် ကူညီပေးသ်ာမို့ ထမင်းဟင်းချက်တက်နေသည်မှမဆန်းပေ။

မာသာကလဲ ရိပေါ်ကိုချစ်တော့ သူ မတက်ကျွမ်းသည့် ဟင်းချက်နည်းပညာကို အစွမ်းကုန်သင်ပေးလိုက်သည်။

ရိပေါ်သာ X company အလုပ်မရခဲ့လျှင် သေချာပေါက် စားဖိုမှုးလုပ်နေမိမှာအမှန်ပင်။

စားဖိုမှူးအလုပ်က ဝါသနာရယ်လို့တော့မဟုတ်၊

နည်းနည်းပါးပါး စိတ်ဝင်စားရုံ ဘ၀သမားမို့ ကို စိတ်ဝင်စားရာအလုပ်ကိုလည်း ဦးစားမပေးနိုင်ပေ။

ဟောက်ရွှမ်းနှင့် ဂေဟာမှာ ခင်ကြခြင်းပင် နောက်တော့ ဂေဟာမှာမနေသင့်တော့ဟု ထင်၍ နှစ်ယောက်သား ထွက်လာကြခြင်း။

ဂေဟာ၌နေခဲ့စဉ်အမှတ်တရများစွာရှိသည်။

ဂေဟာလေးသည် ရိပေါ်အား စောင့်ရှောက်ပေးခဲ့သည့်နေရာလေးဖြစ်သလို လူကြောက်တက်သော ရိပေါ်ကို မကြောက်တက်အောင်သင်ပေးခဲ့သောနေရာလေးလည်းဖြစ်သည်။

အထူးသဖြင့် ရိပေါ်ရဲ့ အချစ်ဦး လို့ပြောလို့ရတဲ့ သူကို တွေ့ရှိရာနေရာလေးလည်းဖြစ်နေပြန်သေးသည်။
.
.
.
.
.

_________

အလုပ်ခန်းအတွင်း....



" ၀မ်ရိပေါ် မနေ့က အလုပ်တွေပြီးရဲ့လား"

"ဟုတ်ကဲ့ စားပွဲပေါ်မှာ တခါတည်း တင်ထားပါတယ်"

" အေး ခိုင်းရင် ခိုင်းတဲ့အတိုင်းလုပ်
ပြန်ပြောရင် ဒီထက် အပြစ်ပေးခံရမယ်"

ဒီနေ့လည်း မနေ့ကကဲ့သို့ နှုတ်ခမ်းများနီရဲနေအောင်ဆိုးထားပြီး စကပ်ပေါင်ထိသာရှိပြီးဒေါက်ဖိနပ် တစ်တောင်လောက်သာဝတ်ထားပြီး  ပြောနေသည်မှာ အမြင်ကပ်စရာ  ။

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now